Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » ကလေး ပြုစုရေးနဲ့ အာဟာရ

ကလေး ပြုစုရေးနဲ့ အာဟာရ

Written By Unknown on Tuesday, January 28, 2014 | 12:25 PM



ကလေးငယ်တိုင်း အသက်ခြောက်လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ရန်၊ ခြောက်လမှ တစ်နှစ်အထိ ဖြည့်စွက် အစာကျွေးရန်နှင့် အသက်တစ်နှစ်မှ ကြီးသည်အထိ လူကြီးကဲ့သို့ ကျွေးမွေးရန် လိုအပ်တယ်။

တချို့မိဘတွေဟာ မိမိကလေးများ ထမင်းကောင်းကောင်း မစားဟု ဆရာဝန်ထံ လာရောက် ပြသတတ်ရာ အများစုဟာ ထမင်းမခင်တွယ်ဘဲ သရေစာခင်တွယ် နေကြတယ်။

ရောဂါရှိတဲ့ ကလေးငယ်တွေဟာ ထမင်း အပါအဝင် အစာကောင်းစွာ မစားကြဘူး။ တီဘီရောဂါရှိတဲ့ ကလေးတွေဟာ အစာကောင်းကောင်း မစားဘူး။ မကြာခဏဖျားခြင်း၊ ကြီးထွားနှုန်း နှေးခြင်း၊ လန်းဆန်းမှု မရှိခြင်းနဲ့ ဆော့ကစားမှု နည်းခြင်း စတာတွေ ဖြစ်တတ်တယ်။ ကပ်ပါးပိုး၊ (သန်ကောင်၊ တုတ်ကောင်များ)ရှိတဲ့ ကလေးငယ်ဟာ အစာကောင်းကောင်း မစားဘူး။

အစာကောင်းကောင်း မစားတဲ့ ကလေးငယ် အများစုဟာ ရောဂါကြောင့်မဟုတ်ဘဲ မိဘများ ပြုစုပုံနည်းစနစ် မမှန်ကန်လို့ ဖြစ်တယ်။ မိဘများဟာ ကလေးငယ်များကို အစာကျွေးရာမှာ အစားအစာ အမျိုးအစား၊ ပမာဏနဲ့ ကျွေးချိန်၊ နည်းစနစ်စတာတို့ မှန်ကန်စွာ ရွေးချယ်တတ်ရတယ်။

အစားအစာ အမျိုးအစား ရွေးချယ်ရာမှာ ကလေးငယ်ရဲ့ အသက်နဲ့ လိုက်လျော ညီထွေမှုရှိရန် လိုအပ်တယ်။ တချို့မိဘတွေက ကလေး အသက်ကြီးတဲ့အထိ ထမင်းဆီဆမ်းပြီး ဆားဖြူး ကျွေးတတ်တယ်။ အသီးအရွက်၊ ပဲအမျိုးမျိုး၊ ဥနဲ့အသားတွေ ဖြည့်စွက်ကျွေးဖို့ လိုတယ်။ ကလေးငယ် နှစ်သက်တဲ့ အစားအစာ ဖြစ်ရမယ်။ ကလေးငယ် မကြိုက်ရင် တတ်နိုင်သမျှ ရှောင်ရမယ်။ ဝမ်းဝရင် ထပ်မကျွေးနဲ့။ ဆိုလိုတာက ထပ်မံ ငြင်းဆန်နေရင် ဇွတ်အတင်းမကျွေးနဲ့။ မလိုလားအပ်ဘဲ အဝလွန်တဲ့ ကလေးတွေ ဖြစ်တတ်တယ်။ အစာ

ကျွေးချိန်ကို သတ်မှတ်ထားရမယ်။ နံနက် ၁၁ နာရီထမင်းကျွေးရင် ၁၁ နာရီမှာ ရအောင်ကျွေး။ အချိန်မရလို့ မုန့်ကျွေးတာမျိုး မလုပ်ရဘူး။ အစာကျွေးပုံစနစ် မှန်ကန်ရမယ်။ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား နီးကပ်လွန်းတာ မဖြစ်စေရဘူး။ စားပြီးတဲ့အစာကို အစာလမ်းကြောင်းက ချေဖျက်စုပ်ယူဖို့ အချိန်လိုအပ်တယ်။ အဟန့်အတားဖြစ်စေမယ့် တခြားမုန့်မကျွေးရဘူး။

မုန့်အမျိုးမျိုးဟာ ကလေး ထမင်းကောင်းကောင်း မစားရခြင်းရဲ့ အဓိက တရားခံ ဖြစ်တယ်။ တတ်နိုင်သလောက် ထမင်းအချိန်မှန် စားစေဖို့ စီစဉ်ထားရမယ်။

အစာကျွေးရာမှာ သန့်ရှင်းမှုရှိဖို့ ဂရုစိုက်ရမယ်။ အစားအစာကို ပြင်ဆင်ခြင်း၊ ကျွေးမွေးခြင်းမှာ သန့်သန့်ရှင်းရှင်း ဖြစ်စေရမယ်။ ကလေးငယ်များကို ထမင်းပွဲချပေးပြီး ကိုယ်တိုင်စားစေခြင်း သတိထားရမယ်။ လက်နဲ့စားမယ်ဆိုရင် လက်သည်းပုံမှန်ညှပ်ပြီး စားခါနီးရေ၊ ဆပ်ပြာတို့နဲ့ လက်ဆေး တဲ့အကျင့်၊ စားပြီးတိုင်းလည်း ဆပ်ပြာနဲ့ ရေသုံးတဲ့ အကျင့်ထားရမယ်။

အလွန်ငယ်တဲ့ ကလေးငယ်ကို မိဘတွေ ကိုယ်တိုင် ကျွေးသင့်တယ်။ ကလေးငယ်မှာ အစာစားရန်ထက် အစာနဲ့ ဆော့ကစားနေရင် အကျိုးမရှိ ဖြစ်တတ်တယ်။ အရွယ်ကြီးတဲ့ ကလေးတွေကို ကိုယ်တိုင် စားစေတဲ့အခါ မိဘများအနီးက စောင့်ကြည့်ဖို့လိုတယ်။ အားအင်ပြည့်အောင် ချက်ကျွေးရမယ်။

အသားငါးတို့မှာ 'အင်အော်ဂဲနစ်' ဓာတုဗေဒ ဆေးဝါးနဲ့ ဓာတုဆိုးဆေးများ ကင်းစင်ရမယ်။ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး ကင်းစင်ရမယ်။ သဘာဝအလျောက် စိုက်ပျိုးရရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားတိုး မွေးထားခြင်း မဟုတ်တဲ့ ပုံမှန်အသားတွေ ဝယ်ယူဖို့ လိုတယ်။ အချိုမှုန့်၊ ကြက်သားမှုန့် ထည့်မချက်ရဘူး။ တတ်နိုင်ရင် ကိုယ်ကာယ ဖွံ့ဖြိုးတိုးတတ်ဖို့ ပင်လယ်ငါး သို့မဟုတ် ငါးကြီးဆီ၊ ကယ်လ်စီယမ် ကျွေးသင့်ပါတယ်။ ။

ဒေါက်တာလွင်သန့် (ဆေး-၂)
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung