Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » ဟင်းသီးဟင်းရွက် စားသုံးခြင်းဖြင့် အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းမှ လျော့ပါးစေနိုင်

ဟင်းသီးဟင်းရွက် စားသုံးခြင်းဖြင့် အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းမှ လျော့ပါးစေနိုင်

Written By Unknown on Tuesday, January 28, 2014 | 12:27 PM



မုန်လာဥကို နေ့စဉ် သို့မဟုတ် ရက်သတ္တ တစ်ပတ်တွင် တစ်ဥ စားပေးခြင်းဖြင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ၏ ထက်ဝက် သို့မဟုတ် ထို့ထက်ပို၍ လျော့နည်း သွားစေကြောင်း ကင်ဆာ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးစိုးအောင်က ပြောကြားခဲ့သည်။

''ဆေးလိပ်သောက်သူ၊ ဆေးလိပ်သောက်ပြီး ဖြတ်ထားသူနဲ့ ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူမိသူတွေဟာ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ အလားအလာထဲမှာ ပါဝင်နေတယ်။ ဟင်းသီးဟင်းရွက် တွေမှာပါတဲ့ ဗီတာ ကလိုရင်းဓာတ်က အဆုတ်ကင်ဆာရဲ့ ကင်ဆာဆဲလ် အဖုအကျိတ်တွေကို မကြီးထွားအောင် ကာကွယ်ပေးတဲ့ အတွက် သက်တမ်းစေ့ နေနိုင်ခဲ့တဲ့ သာဓကတွေ အများကြီးပါ'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ရက်သတ္တ တစ်ပတ်မှာ မုန်လာဥနီ နှစ်ဥစားလျှင် အဆုတ်ကင်ဆာ ဖြစ်ပွားနှုန်း ၆ဝ ရာခိုင်နှုန်းကျဆင်းစေသည်။ ရက်သတ္တ တစ်ပတ်မှာ အစိမ်းရောင် ပန်းဂေါ်ဖီ သတ္တုရည် နှစ်ကြိမ်သောက်လျှင် အဆုတ်ကင်ဆာ ဖြစ်ခြင်းကို ၇ဝ ရာခိုင်နှုန်း ကျဆင်းစေသည်။ အမျိုးသမီးများ အတွက် ပန်းဂေါ်ဖီနှင့် ခရမ်းချဉ်သီးတို့ဟာ ပို၍အကျိုး သက်ရောက်မှု ရှိသည်။ အမျိုးသားများ အတွက် မုန်လာဥနီနှင့် လိမ္မော်သီးများက ပို၍ အကျိုးသက်ရောက်မှု ရှိသည်။

မြန်မာနိုင်ငံတွင် အဆုတ်ကင်ဆာ ဖြစ်ပွားနှုန်းမှာ ရင်သားကင်ဆာနှင့် သားအိမ်ခေါင်း ကင်ဆာပြီးလျှင် တတိယ အဖြစ်အများဆုံး ဖြစ်ကြောင်း မြန်မာနိုင်ငံ ကင်ဆာ တိုက်ဖျက်ရေး ဗဟိုမှ သိရသည်။


မြ၀တီ
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung