Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » မန်မာအမျိုးသမီးဘောလုံးအသင်းသို့ ဂုဏ်ပြုငွေ ၂၇ သိန်းသာ ရရှိ

မန်မာအမျိုးသမီးဘောလုံးအသင်းသို့ ဂုဏ်ပြုငွေ ၂၇ သိန်းသာ ရရှိ

Written By Two Seven September on Tuesday, January 7, 2014 | 12:25 AM



ရန်ကုန်၊ မဇ္ဈိမ ။        ။ မြန်မာအမျိုးသမီးအသင်းကို ဂုဏ်ပြုသည့် အနေဖြင့် “လူပေါင်းတစ်သိန်းထံမှ သိန်း တစ်ထောင်ကျပ်ရရှိရေး” အစီအစဉ်ကို ဒီဇင်ဘာလ၂၃ရက်မှ စတင်ခဲ့ရာ ၂၇ သိန်းရရှိချိန်တွင် စာရင်းပိတ်ပြီး ဇန်နဝါရီလ ၃ရက်က မြန်မာအမျိုးသမီးအသင်းထံ ဂုဏ်ပြုငွေများ ပေးအပ်လိုက်ပြီဖြစ်သည်။

ထိုဂုဏ်ပြုငွေများကို ဇန်နဝါရီလ ၃ ရက် နေ့လည် ၃ နာရီခန့်က ဘဏ်အကောင့်ကို တာဝန်ယူဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ လက်ရွေးစင်
ဘောလုံးသမားဟောင်း ဦးသန်းတိုးအောင်နှင့် အဖွဲ့က မြန်မာဘောလုံးအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသန်းထံ လွဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဂုဏ်ပြုဆုငွေပေးအပ်ရန် မူလက လူပေါင်းတစ်သန်းထံမှ ကျပ်တစ်ထောင်စီ ရရှိရန် ရည်မှန်းကာ လှုပ်ရှားခဲ့သော်လည်း တစ်ယောက် တစ်ထောင်နှုန်းအပြင်၊ အမျိုးသမီးအသင်းကို ချစ်မြတ်နိုးသူများက ဝိုင်းဝန်းထည့်ဝင်ခြင်းကြောင့် ၂၇ သိန်းရရှိခဲ့သော်လည်း မူလမှန်းထားသကဲ့သို့ မရရှိခဲ့ပေ။

မြန်မာအမျိုးသမီးဘောလုံးအသင်းသည် အကြိုဗိုလ်လုပွဲအဖြစ် ဒီဇင်ဘာ ၁၈ ရက်တွင် မန္တလေးမြို့ မန္တလာသီရိ ဘောလုံးကွင်းတွင် ထိုင်းနိုင်ငံ အမျိုးသမီးဘောလုံးအသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယမြောက် ပင်နယ်တီ အပြန်အလှန်ယှဉ်ပြိုင်ရာတွင် လွဲချော်ခဲ့ရ၍ တတိယနေရာ ရရှိခဲ့သည်။
 
Mizzima Burmese
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung