Home »
သတင်း
» ဆက်သွယ်ရေး နည်းဥပဒေ ဖေဖော်ဝါရီလ ထွက်မည်
ဆက်သွယ်ရေး နည်းဥပဒေ ဖေဖော်ဝါရီလ ထွက်မည်
ဆက်သွယ်ရေး နည်းဥပဒေ ဖေဖော်ဝါရီလ ထွက်မည်
ရန်ကုန်၊ ဇန်နဝါရီ ၂၈
ပြည်တွင်း၊ ပြည်ပရှိ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း လုပ်လိုသူများ
စောင့်ဆိုင်းနေသော ဆက်သွယ်ရေး ဥပဒေသစ်၏ နောက်ဆက်တွဲ နည်းဥပဒေကို
ဖေဖော်ဝါရီလတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှူး
ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က The Voice သို့ ပြောကြားသည်။
“ဆက်သွယ်ရေး နည်းဥပဒေက ရေးဆွဲပြီးပါပြီ။ အင်္ဂလိပ်ဘာသာနဲ့ ရေးဆွဲထားတာမို့
မြန်မာလိုပြန်တဲ့ အပိုင်းမှာ ကြာနေတာပါ။ နည်းပညာဆိုင်ရာ စကားလုံးတွေ
အများအပြား ပါဝင်နေတဲ့အတွက် လွဲချော်မှု မရှိအောင် ဂရုစိုက် ပြန်နေတာကြောင့်
နည်းနည်းကြာနေတာပါ” ဟု ၎င်းကဆိုသည်။
ယင်းနည်းဥပဒေတွင်လည်း ပြည်သူများ၏ အကြံပြုချက်များအနက် သင့်တော်သည့် အချက်အလက်များ ထပ်မံဖြည့်သွင်း ထားသည်ဟု ၎င်းကရှင်းပြသည်။
အဆိုပါ ဆက်သွယ်ရေး နည်းဥပဒေကို ယခုတစ်ပတ်အတွင်း ရှေ့နေချုပ်ရုံးသို့
တင်ပြပြီး ဥပဒေပိုင်းဆိုင်ရာ အသုံးအနှုန်းများမှန်၊ မမှန်၊ အခြေခံဥပဒေနှင့်
ကိုက်ညီခြင်းရှိ၊ မရှိတို့ကို စစ်ဆေးပြုပြင်ပြီး အတည်ပြုသွားမည်
ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနထံမှ
သိရှိရသည်။
ယင်းနည်းဥပဒေ ထွက်ရှိပြီးပါက ဆက်သွယ်ရေး ဥပဒေအရ
သတ်မှတ်ပေးထားသော အင်တာနက် ဝန်ဆောင်မှု၊ Call Center ဝန်ဆောင်မှု၊ Wifi
ဝန်ဆောင်မှုများ စသည့် လုပ်ငန်း အမျိုးအစားများစွာ လုပ်ကိုင်ခွင့်အတွက်
တင်ဒါများ ထပ်မံခေါ်ယူ သွားမည်ဟုလည်း ယင်းဝန်ကြီးဌာနထံမှ သိရှိရသည်။
ဝန်ကြီးဌာနမှ တင်ဒါခေါ်ယူမည့် လုပ်ငန်းလုပ်ကိုင်ခွင့်များ လျှောက်ထား
သွားရန် ပြင်ဆင်နေကြောင်းလည်း ရတနာပုံ တယ်လီပို့နှင့် RedLink
ကုမ္ပဏီများထံမှ သိရသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊
နည်းပညာဝန်ကြီးဌာနမှ တစ်နှစ်ခန့် အချိန်ယူ ရေးဆွဲထားသော ဆက်သွယ်ရေး
ဥပဒေသစ်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က
အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
Credit To :The Voice Weekly
0 comments:
Speak up your mind
Tell us what you're thinking... !