Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » အဗရာမိုဗစ်နှင့် အပြီးသတ် ဆွေးနွေးမည်

အဗရာမိုဗစ်နှင့် အပြီးသတ် ဆွေးနွေးမည်

Written By Two Seven September on Monday, January 27, 2014 | 5:50 AM

Photo

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ရာထူးအတွက် ဆာဘီးယားနည်းပြ အဗရာမိုဗစ်နှင့် အပြီးသတ် ဆွေးနွေးမည်


ဇန်နဝါရီလ ၂၄ ရက်။    ။မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ် ရာထူးအတွက် နာမည်ကျော် ဆာဘီးယားနည်းပြ အဗရာမိုဗစ် (Radojko Avramovic) အား ခန့်အပ်ရန်  လာမည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် နှစ်ဖက် အပြီးသတ် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဗရာမိုဗစ်သည် စင်ကာပူ လက်ရွေးစင် အသင်းအား ၁၀ နှစ်ကြာ တာဝန်ယူခဲ့ သူဖြစ်ပြီး အာဆီယံ ချန်ပီယံရှစ် ၃ ကြိမ် ဗိုလ်စွဲခဲ့မှု အပါအဝင် အခြားအောင်မြင်မှုများ ရရှိခဲ့သည့်အပြင် အာဆီယံ ဘောလုံးလောကနှင့်လည်း ရင်းနှီးကျွမ်းဝင်သူဝါရင့် နည်းပြ တစ်ဦးလည်း ဖြစ်သည်။

MFF ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ အနေဖြင့် အဗရာမိုဗစ်အား ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့က ရန်ကုန်မြို့သို့ ခေါ်ယူ တွေ့ဆုံခဲ့ပြီး မြန်မာ့ လက်ရွေးစင် အသင်းအား နည်းပြ ချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်ရန် နှစ်ဖက် အကြမ်းဖျင်း ညှိနှိုင်းခဲ့ဆွေး နွေးခဲ့ကြသည်။ အကြိုညှိနှိုင်းမှုအရ အဗရာမိုဗစ်သည် မြန်မာ့လက်ရွေးစင် အသင်းအား တာဝန်ယူရန် ဆန္ဒရှိနေပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ အပြီးသတ် ဆွေးနွေးပွဲ၌ အသေးစိတ်ညှိနှိုင်း သဘောတူညီမှု ရရှိသည်နှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုရန် အမြန်ဆုံး စီစဉ်ဆောင် ရွက်သွားမည် ဖြစ်သည်။ အဗရာမိုဗစ်သည် သူ၏ လက်ထောက်နည်းပြ၊ ဂိုးနည်းပြတို့ကိုလည်း တပါတည်း ခေါ်ဆောင်လာမည် ဖြစ်ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့်လည်း ၎င်းတို့ကို နည်းပြအဖွဲ့ဝင်များအဖြစ် စာချုပ် ချုပ်ဆိုသွားရ မည်ဖြစ်သည်။

အသက် ၆၄ နှစ်အရွယ် ဆာဘီယား နည်းပြ အဗရာမိုဗစ်သည် ကစားသမား ဘဝက အင်္ဂလန် ကလပ်အသင်းများတွင် ကျင်လည်ခဲ့သူ ဖြစ်ပြီး ယူဂိုဆလားဗီးယား လက်ရွေးစင်အဖြစ်လည်း ကစားခဲ့သည်။ နည်းပြဘဝတွင် ကူဝိတ် လူငယ်အသင်းအား ၂၀၀၀ ခုနှစ် ဆစ်ဒနီ အိုလံပစ် ဖိုင်နယ်ပွဲစဉ်များသို့ အရောက် ပို့ပေးနိုင်သည့် မှတ်တမ်းကောင်း ရှိသူဖြစ်သည်။ ရက်ဒီဟုလည်း အာဆီယံ ဘောလုံးလောကတွင် ကျော်ကြားသည့် ရက်ဒီသည် စင်ကာပူ လက်ရွေးစင် အသင်းကို ၂၀၀၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၁၀ နှစ်တာ ကိုင်တွယ် ခဲ့သူဖြစ်ပြီး ၂၀၀၄၊ ၂၀၀၇၊ ၂၀၁၂ အာဆီယံ ချန်ပီယံရှစ် ဆုဖလားများ ရယူပေးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အာဆီယံ အကောင်းဆုံး နည်းပြဆုဆွတ်ခူးရရှိခဲ့သည်။

ပေါ်ပြူလာနယူးစ်ဂျာနယ်မှ
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung