Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » ဖမ်းဆီးခံ ဆန္ဒပြသူတွေအတွက် လွတ်ငြိမ်းခွင့် ယူကရိန်းဆွေးနွေး

ဖမ်းဆီးခံ ဆန္ဒပြသူတွေအတွက် လွတ်ငြိမ်းခွင့် ယူကရိန်းဆွေးနွေး

Written By Two Seven September on Wednesday, January 29, 2014 | 5:18 AM




ယူကရိန်းနိုင်ငံက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဆန္ဒပြသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးအတွက် ယူကရိန်း ပါလီမန်မှာ အခြေအတင် ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ အခုဆိုရင် ၂ လအထိ ရှိလာနေပြီ ဖြစ်ပါတယ်။

သမ္မတ ဗစ်တာ ယန်နူကိုဗစ်ခ်ျ ကတော့ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်တာကို လက်ခံပေးလိုက်ပြီး အတိုက်အခံတွေကို လိုက်လျောမှုပေးတယ် ဆိုတာကို ပြသခဲ့ပါတယ်။

နောက်ပြီး ဆန္ဒပြမှု ပိတ်ပင်တဲ့ ဥပဒေတွေကိုလည်း ပယ်ဖျက်ပေးလိုက်ပါတယ်။ အဲဒီ ဥပဒေတွေကြောင့်လည်း ဒီလ အစောပိုင်းကစလို့ ယူကရိန်းမှာ အကြမ်းဖက်မှုတွေ ပြန့်နှံ့ ဖြစ်ပေါ်ခဲ့ရတာပါ။

ဒါပေမယ့်လို့ မြို့တော် ကိယက်ဗ်မှာ ရှိတဲ့ ဆန္ဒပြသူတွေကတော့ သမ္မတ ယန်နူကိုဗစ်ခ်ျ ရာထူးက ဆင်ပေးရေး ဆက်လက် တောင်းဆိုနေကြပါတယ်။
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung