စမတ်ဖုန်း ရောင်းချမှု (၁)ဘီလျံထိ ပထမဆုံးအကြိမ်ရောက်ရှိ
(၂၀၁၃)ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စမတ်ဖုန်းများ တင်ပို့ရောင်းချမှု အရေအတွက်သည် (၁)ဘီလျံ အထက်သို့ ပထမဆုံးအကြိမ် ရောက်ရှိသွားပြီဟု သိရှိရသည်။ ဈေးကွက် လေ့လာရေး သုတေသန လုပ်ငန်းတစ်ခုဖြစ်သော IDCက ပြီးခဲ့သည့် နှစ်အတွင်း စမတ်ဖုန်းများ တင်ပို့ရောင်းချမှုသည် တစ်ကမ္ဘာလုံး အတိုင်းအတာအရ အလုံးရေ (၁.၀၀၄)ဘီလျံသို့ ရောက်ရှိခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ အခြေအနေသည် (၂၀၁၂)ကနှင့် ယှဉ်လျှင် (၃၈.၄)ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။ တောင်ကိုရီးယား အခြေစိုက် Samsung ကုမ္ပဏီသည် စမတ်ဖုန်း အများဆုံး တင်ပို့ရောင်းချသည့် လုပ်ငန်းဖြစ်လာပြီး ၎င်း၏နောက်တွင် အမေရိကန်၏ Appleနှင့် တရုတ်၏ Huaweiတို့က အစဉ်လိုက် ရပ်တည်နေသည်။
ပြီးခဲ့သည့်နှစ်က စုစုပေါင်း မိုဘိုင်းလ်ဖုန်း အရေအတွက် (၁.၈)ဘီလျံမျှ ရောင်းချခဲ့ရာ ထက်ဝက်ကျော် ပမာဏက စမတ်ဖုန်းများ ဖြစ်လာကြောင်း IDCက ဆိုသည်။ စမတ်ဖုန်း အရေအတွက် (၁)ဘီလျံအထက်ထိ တစ်နှစ်အတွင်း ရောင်းချနိုင်ခြင်းမှာမူ ယခုတစ်ကြိမ် ပထမဆုံးဟုလည်း သိရသည်။ "ဈေးနှုန်းလျော့ကျလာမှုနဲ့ Screenအရွယ်အစား ကြီးမားလာမှုတွေက စမတ်ဖုန်းတွေကို လူသုံးများစေတဲ့ တွန်းအားတွေလို ဖြစ်လာပါတယ်"ဟု IDC၏ ပရိုဂရမ် ဒါရိုက်တာ တစ်ဦးဖြစ်သူ ရိုင်ယန်ရိသ်က သုံးသပ်ခဲ့သည်။ "ဒါပေမဲ့ အဲဒီနှစ်ချက်မှာမှ လူတွေက ဈေးနှုန်းလျော့ကျမှုဆိုတဲ့ အပိုင်းကို အဓိကထား အာရုံစိုက်တယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်"ဟုလည်း ရိသ်က ဆိုသည်။
၎င်းက "ပြောရရင်တော့ လူတွေကြားမှာ ရေပန်းစားနေတဲ့ စမတ်ဖုန်း အမှတ်တံဆိပ်တွေမှာ ဈေးပေါတဲ့ မော်ဒယ်လ်တွေတော့ ပါဝင်လေ့ မရှိပါဘူး။ ဒါပေမဲ့ လက်တွေ့ အချက်အလက်တွေကတော့ ဈေးနည်းတဲ့ စမတ်ဖုန်းတွေဟာ အရောင်းဈေးကွက် ကျယ်ပြန့်လာစေတဲ့ အဓိက ထုတ်ကုန်တွေ ဖြစ်နေတာကို အတည်ပြု ဖော်ပြနေပါတယ်"ဟုလည်း ရှင်းပြသွားသည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံများတွင် ဒေါ်လာ (၁၅၀)ဝန်းကျင်သာ ကျသင့်သည့် စမတ်ဖုန်းများ တွင်ကျယ်စွာ ရောင်းချရခြင်းက ယင်းအချက်ကို သက်သေခံနေကြောင်းလည်း သိရသည်။
စမတ်ဖုန်းများ တင်ပို့ရောင်းချမှုတွင် Samsung၏ အရောင်းပမာဏက (၄၂.၉)ရာခိုင်နှုန်း မြင့်တက်လာကာ ဈေးကွက်ဝေစု (၃၁.၃)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ Apple၏ ဈေးကွက်အရောင်းတွင်ကျယ်မှု တိုးပွားနှုန်းမှာ အတန်ငယ် နှေးကွေးနေပြီး (၁၂.၉)ရာခိုင်နှုန်းသာ မြင့်တက်လာကာ လက်ရှိဈေးကွက်၏ (၁၅.၃)ရာခိုင်နှုန်းကို ချုပ်ကိုင်ထားသည်။ Huawei၏ ဈေးကွက်ချုပ်ကိုင်မှုမှာ (၄.၉)ရာခိုင်နှုန်းရှိပြီး ၎င်းတို့၏နောက်တွင် LGက (၄.၈)ရာခိုင်နှုန်း Lenovoက (၄.၅)ရာခိုင်နှုန်းတို့ဖြင့်
planet
0 comments:
Speak up your mind
Tell us what you're thinking... !