Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » ဂျက်စတင်ဘီဘာအား လမ်းညွှန်ပြသမှုများ ပြုလုပ်ပေးနေသည့် ဝီလ်စမစ်သ်

ဂျက်စတင်ဘီဘာအား လမ်းညွှန်ပြသမှုများ ပြုလုပ်ပေးနေသည့် ဝီလ်စမစ်သ်

Written By Two Seven September on Sunday, January 5, 2014 | 1:51 AM



၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ အဆင်မပြေ မှုများ ကြုံတွေ့နေရသည့် ဆယ်ကျော်သက်ကြယ်ပွင့် ဂျက်စတင်ဘီဘာအား ယခုနှစ်မေလတွင်ပြီးဆုံးခဲ့သည့် ၎င်း၏ ကမ္ဘာလှည့်ဂီတဖျော်ဖြေပွဲပြီးဆုံးချိန်မှစတင်ကာ ဟောလိဝုဒ်ကြယ်ပွင့် ဝီလ်စမစ်သ်က လမ်းညွှန်ပြသ ဆိုဆုံးမမှုများ ပြုလုပ်ပေးနေခဲ့ကြောင်း သိရသည်။

ကလေးဆန်သည့် အပြုအမူများကြောင့် မကြာ ခဏဆိုသလို သတင်းထောက်များ၊ ပရိသတ်များနှင့် မပြေ လည်မှုများဖြစ်ခဲ့သည့် အသက်(၁၉)နှစ်အရွယ် ဂီတကြယ်ပွင့် ဂျက်စတင်ဘီဘာသည် ရုပ်ရှင်ကြယ်ပွင့် ဝီလ်စမစ်သ်နှင့် တွေ့ဆုံပြီးနောက်ပိုင်း ယခင်ကထက် ပိုမိုတက်ြွကမှုများ ရှိလာပါကြောင်း ဘီဘာ၏ မန်နေဂျာဖြစ်သူက ပြောကြားခဲ့သည်။

"နာမည်ကျော် ရုပ်ရှင်စူပါစတားတစ်ဦးက သူ့ရဲ့ အချိန်တွေအများကြီးပေးပြီးတော့ ကျွန်တော့်ဘဝကို ပြောင်းလဲအောင် လုပ်ပေးခဲ့ပါတယ်။ အခုဆိုရင် ကိုယ့်ကိုယ်ကိုယ်ဘာလဲ၊ ဘဝအတွက် ဘာတွေလုပ်ရမလဲ၊ လူသားတစ်ဦးအနေနဲ့၊ အနုပညာသမားတစ်ဦးအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ဘာတွေလုပ်ခဲ့တယ်၊ ဘာတွေဆက်လုပ် ရဦးမယ်ဆိုတာတွေကိုပါ သိလာခဲ့ပါတယ်"ဟု ဂျက်စတင် ဘီဘာက ဆိုသည်။

ဆက်လက်ပြီး "ဘီဘာဟာ အခုမှ တက်သစ်စ လူငယ်တစ်ဦးဖြစ်တဲ့အတွက် တစ်ခါတစ်ရံမှာ သူရဲ့ အမှားလေးတွေကို သည်းခံပြီး လမ်းမှန်ပြင်ပေးရပါမယ်"ဟု ဟောလိဝုဒ်ကြယ်ပွင့် ဝီလ်စမစ်သ်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

The Mirror Daily 

အပြည့်အစုံဖတ်ရန် --> ဂျက်စတင်ဘီဘာအား လမ်းညွှန်ပြသမှုများ ပြုလုပ်ပေးနေသည့် ဝီလ်စမစ်သ် http://www.myanmarcnn.com/2013/11/blog-post_25.html#ixzz2pW3HKBxu
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung