Home »
သတင်း
» တရုတ်-အာဆီယံ နှစ်သစ်ကူး..... ကျောက်မျက် ရတနာပစ္စည်း
တရုတ်-အာဆီယံ နှစ်သစ်ကူး..... ကျောက်မျက် ရတနာပစ္စည်း
တရုတ်-အာဆီယံ နှစ်သစ်ကူး ပွဲတော်တွင် မြန်မာနိုင်ငံမှ ကျောက်မျက် ရတနာပစ္စည်း ပထမဆုံး အကြိမ် ပါဝင်ပြသမည်
ရန်ကုန် ဇန်နဝါရီ ၂၉
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ
ဒေသဖြစ်သည့် နန်နင်းမြို့ China South City ရှိ China-ASEAN ပလာဇာတွင်
ကျင်းပမည့် တရုတ်-အာဆီယံ နှစ်သစ်ကူး ပွဲတော်၌ မြန်မာနိုင်ငံမှ အထူး
ထွက်ကုန်များ ဖြစ်သည့် ကျောက်မျက်ရတနာ ပစ္စည်းများကို ပထမဆုံးအကြိမ်
ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲကြီးတွင်
တရုတ်နိုင်ငံသို့ အာဆီယံနိုင်ငံမှ ထွက်ကုန်များ တင်သွင်းမှု
ပိုမိုတိုးမြှင့် နိုင်ရေး၊ အာဆီယံ နိုင်ငံများမှ လုပ်ငန်းရှင်များက
တရုတ်နိုင်ငံ၏ ဈေးကွက် အခြေအနေ လေ့ လာနိုင်ရေးနှင့် တရုတ်နိုင်ငံသားများ
အာဆီယံ နိုင်ငံများမှ ထွက်ကုန်များကို ပိုမိုသိရှိ နိုင်ရေးတို့ အတွက်
တရုတ် အာဆီယံ နှစ်သစ်ကူး ပွဲတော်ကို ဇန်နဝါရီ ၃ဝ ရက်အထိ ကျင်းပမည်
ဖြစ်ကြောင်း သိရသည်။
''ဒီပွဲတော်မှာ မြန်မာနိုင်ငံ အနေနဲ့
ပထမဆုံးအကြိမ် ပါဝင်ပြသတာပါ။ မြန်မာနိုင်ငံကနေ အဖွဲ့သုံးဖွဲ့
သွားရောက်ပြသမှာပါ။ အဓိက ကတော့ မြန်မာနိုင်ငံရဲ့ အထူးထွက်ကုန်ပစ္စည်း
တွေဖြစ် တဲ့ ကျောက်မျက်ရတနာ ပစ္စည်းတွေကို သွားရောက်ပြသတာပါ'' ဟု သွားရောက်
ပြသခဲ့သူ တစ်ဦးက ပြောပြခဲ့သည်။
အဆိုပါ ပွဲတော်ကာလ အတွင်းတွင်
အာဆီယံနိုင်ငံများ အနေဖြင့် မိမိတို့၏ အထူးထွက်ကုန် ပစ္စည်းများကို
တစ်နိုင်ငံလျှင် သုံးရက်ခန့်ဖြင့် မိတ်ဆက် တင်ဆက် ပြသမှုများကို အခမဲ့ ပြသ
ခွင့်နှင့် ရောင်းချခွင့်များ ပြုထား၍ တစ်နိုင်ငံလျှင် သုံးရက်ခန့်စီ
ရောင်းချခွင့် ရကြောင်း သိရသည်။
Aသူ
0 comments:
Speak up your mind
Tell us what you're thinking... !