PUMA နှင့်အာဆင်နယ်အသင်း
PUMA နှင့်အာဆင်နယ်အသင်း တစ်နှစ် ပေါင်သန်း ၃၀ ခန့် တန်ကြေးရှိဝတ်စုံစပွန်ဆာအတွက် စာချုပ် ချုပ်ဆို
အောင်သုတ ဘာသာပြန်သည်
ပရီးယားလိဂ် ထိပ်သီးကလပ် အာဆင်နယ်အသင်းသည် ဂျာမနီအားကစားဝတ်စုံထုတ်ကုမ္ပဏီ
PUMA နှင့် စပွန်ဆာစာချုပ် တစ်ရပ်ချုပ်ဆိုနိုင်ခဲ့ပြီး စာချုပ်တန်ကြေးမှာ
တစ်နှစ်လျှင် ပေါင်သန်း ၃၀ ခန့်ရှိမည်ဟု ဘီဘီစီအားကစားသတင်းက ဖော်ပြခဲ့သည်။
လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားသော
အာဆင်နယ်အသင်းသည် နှစ်ပေါင်း ၂၀ ခန့်လက်တွဲလာခဲ့သည့် အမေရိကန်အား
ကစားပစ္စည်းကုမ္ပဏီ NIKE နှင့် လမ်းခွဲခဲ့ခြင်းဖြစ်ပြီး PUMA နှင့်
ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် လာမည့်
ဇူလိုင် ၁ ရက်မှစတင်၍ PUMA ၏ ထုတ်ကုန်ဂျာစီအင်္ကျီများကို စတင်ဝတ်ဆင်မည်
ဖြစ်ပြီး PUMA အနေဖြင့် အာဆင်နယ်အသင်းအတွက် ပွဲကစားချိန်ဝတ်ဆင်မည့်
ဂျာစီဝတ်စုံအပြင် လေ့ကျင့်ရေးဝတ်စုံများနှင့် အာဆင်နယ်အသင်း၏
အခြားစီးပွားရေး ထုတ်ကုန်အား လုံးတွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။
စာချုပ်သက်တမ်းကာလကို ထုတ်ပြန်ခဲ့ခြင်းကလွဲပြီး အခြားစာချုပ်နှင့်
သက်ဆိုင်သည့် တန်ကြေး၊ ရပိုင်ခွင့်စသည်များကို နှစ်ဖက်စလုံးမှ
ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း အင်္ဂ လန်မီဒီယာများက အာဆင်နယ်အသင်းအနေဖြင့်
ယင်းစာချုပ်မှ တစ်နှစ်ပေါင်သန်း ၃၀ ကျော်ရရှိမည်ဟု ခန့်မှန်းခဲ့ကြပြီး
အာဆင်နယ်နှင့် PUMA တို့၏ လက်တွဲမှုမှာ နှစ်ဖက်စလုံးအတွက် သမိုင်းတစ်လျှောက်
အကြီးမားဆုံးလက်တွဲမှုဖြစ်သည်။ မြောက်လန်ဒန်အခြေစိုက် အာဆင်နယ်အသင်းသည်
လက်ရှိအသုံးပြု နေသော NIKE ဂျာစီအား ၁၉၉၄ ခုနှစ်က Adidas နှင့်
လမ်းခွဲပြီးနောက်ပိုင်း အသုံးပြုခဲ့ခြင်းဖြစ်ပြီး NIKE နှင့်
လက်တွဲလာခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။
လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်၌ PUMA ၏ထုတ်ကုန်များကို
အသုံးပြုနေသောအသင်းများမှာ ကာ ဒစ်ဖ်အသင်းနှင့်
နယူးကာဆယ်အသင်းတို့သာရှိနေပြီး အာဆင်နယ်အသင်းမှာ PUMA ၏ ထုတ်ကုန်
ကိုအသုံးပြုသော တတိယမြောက်ပရီးမီးယားလိဂ်အသင်းဖြစ်လာမည်ဖြစ်သည်။ ၁၉၂၄
ခုနှစ်က စတင် တည်ထောင်ခဲ့သည့် ဂျာမန်အားကစားပစ်္စည်းထုတ်ကုမ္ပဏီ PUMA သည်
လက်ရှိအချိန်တွင် ဂျာမနီနိုင်ငံ လက်ရွေးစင်အသင်း၊ ဒေါ့တ်မွန်အသင်း၊ အီတလီ
နိုင်ငံလက်ရွေးစင်အသင်းတို့၏ အဓိကဂျာစီ ကုမ္ပဏီ တစ်ခုဖြစ်ပြီး
အခြားနာမည်ကြီးအား ကစားသမားများစွာကိုလည်း အထောက်အပံ့ပေးလျက်ရှိသည်။
ကမ္ဘာ့အားကစားလောကတွင်လည်း Adidas နှင့် Nike တို့ပြီးနောက်
တတိယမြောက်အကြီးမားဆုံးအား ကစားပစ္စည်းကုမ္ပဏီအဖြစ် ရပ်တည်နေသည့် PUMA
ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဂျော်ရန်ဂါလ် ဒန်က “အခုဆိုရင် ကျွန်တော်တို့ဟာ
အာဆင်နယ်နဲ့ လက်တွဲခွင့်ရခဲ့ပါပြီ။ ဘောလုံးလောကရဲ့ နာမည် ကြီးကလပ်တစ်ခုနဲ့
ကာလရှည်လက်တွဲနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ တကယ်ဂုဏ်ယူမိပါတယ်။ ကျွန်
တော်တို့ကုမ္ပဏီအတွက် သမိုင်းသစ်တစ်ခုရေးထိုးနိုင်ခဲ့တာဖြစ်သလို
အာဆင်နယ်အတွက်လည်း ကျွန် တော်တို့ တတ်စွမ်းသလောက်
အကောင်းဆုံးကုန်ပစ်္စည်းတွေ ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းသွားမှာပါ”ဟု
လက်မှတ်ရေးထိုးပွဲတွင် ပြောကြားသည်။
အာဆင်နယ်အသင်း စီအီးအို
ဂါဇီဒစ်ကလည်း PUMA နှင့် လက်တွဲခွင့်ရသည့်အတွက် စိတ်လှုပ်ရှားမိ
ကြောင်းနှင့် အာဆင်နယ်အသင်းအတွက် ကွင်းပြင်ပစီးပွားရေး လုပ်ငန်းတစ်ခု
ချဲ့ထွင်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဂါဇီဒစ်က
အသင်းနည်းပြ အာစင်ဝင်းဂါးအား မကြာမီ စာချုပ်သက်တမ်းတိုး
ချုပ်ဆိုနိုင်တော့မည်ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။
လက်ရှိပရီးမီးယားလိဂ်အသင်း ၂၀ တွင်
အမေရိကန်အားကစားပစ္စည်းကုမ္ပဏီNIKEမှထုတ်လုပ်ထား သည့် ဂျာစီအင်္ကျီကို
ဝတ်ဆင်အသုံးပြုသည့် အသင်းပေါင်းရှစ်သင်းအထိရှိနေပြီးAdidas မှ ထုတ်လုပ်
သည့်ဂျာစီကို ၀တ်ဆင်သည့် အသင်းလေးသင်းရှိသည်။
Credit To :Mizzima
0 comments:
Speak up your mind
Tell us what you're thinking... !