Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » (၁၀၉)လိုင်းကားသန်လျင်၌လမ်းဘေးထိုးကျ

(၁၀၉)လိုင်းကားသန်လျင်၌လမ်းဘေးထိုးကျ

Written By Two Seven September on Wednesday, January 29, 2014 | 5:07 AM



|(၁၀၉)လိုင်းကားသန်လျင်၌လမ်းဘေးထိုးကျ ဆေးရုံသို့ပို့သည့်
ရေပိုက်လိုင်း ပေါက်သွားခဲ့|

ချစ်ဟန်ဝင်း၊ ရန်ကုန်၊ ဇန်န၀ါရီ-၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့ ဆေးရုံအောက်ကွေ့ မှတ်တိုင်အနီး၌ ဇန်န၀ါရီ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင် (၁၀၉) ယာဉ်လိုင်း သန်လျင်-ရန်ကုန် ခရီးသည်တင်လိုင်းကား လမ်းဘေး ထိုးကျမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် သန်လျင်-ရန်ကုန် ခရီးသည်တင်ယာဉ်သည် သန်လျင်မြို့ ဆေးရုံ ကွေ့ မှတ်တိုင်အနီး၌ ရန်ကုန်သို့သွားရန် မောင်းနှင်လာစဉ်ယာဉ်၏ စက်ပိုင်းဆိုင်ရာချွတ်ယွင်း မှုကြောင့် လမ်းဘေးဝဲဘက်သို့ ဦးခေါင်းပိုင်းထိုးကျသွားခဲ့ပြီး ဆေးရုံ သို့ပို့ပေးသည့် ရေပိုက်အား ထိခိုက်မိသဖြင့် ရေများဒလဟောပန်း ထွက်နေသည်ကို တွေ့ခဲ့ရသည်။

ယာဉ်လမ်းဘေးထိုးကျမှုကြောင့် ကားပေါ်တွင်ပါလာ သည့် ခရီးသည်များ ဒဏ်ရာ (ပွန်းရှ၊ ထိခိုက်)အနည်းငယ်ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသို့ သန်လျင်ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၄၅) မှ ရဲအုပ်ကျော်ဝင်းနိုင်နှင့်အဖွဲ့
ရောက်ရှိစစ်ဆေးခဲ့သည်။
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung