Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » မလေးနိုင်ငံတွင် ရောက်ရှိနေသော တရားမ၀င် မြန်မာလုပ်သား ခြောက်ရာကျော်ကို နိုင်ငံသားမှန်ကန်ကြောင်း စစ်ဆေးပြီးဟုဆို

မလေးနိုင်ငံတွင် ရောက်ရှိနေသော တရားမ၀င် မြန်မာလုပ်သား ခြောက်ရာကျော်ကို နိုင်ငံသားမှန်ကန်ကြောင်း စစ်ဆေးပြီးဟုဆို

Written By Two Seven September on Tuesday, January 7, 2014 | 12:16 AM

မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် နိုင်ငံသားဖြစ်ကြောင်း စစ်ဆေးရန်စောင့်နေပုံ ဓာတ်ပုံ- အောင်သူရ

မလေးရှားနိုင်ငံရှိ တရားမ၀င် မြန်မာအလုပ်သမား ၆၆၉ ဦး ကို ရှစ်ရက်အတွင်း နိုင်ငံသားမှန်ကန်ကြောင်း စစ်ဆေးမှုပြုလုပ်ပြီးဖြစ်ကြောင်း နေပြည်တော် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၃ ခုနှစ် မေလမှစ၍ မလေးရှားရောက် မြန်မာအလုပ်သမားအများစု အကြမ်းဖက်အသတ်ခံရမှုများ ရှိခဲ့ရာ အဆိုပါ အလုပ်သမားအများစုသည် တရားမ၀င်နေထိုင်လျက်ရှိသောကြောင့် မြန်မာအစိုးရက ၎င်းတို့ကို အထောက်အထားထုတ်ပေးရန် မလေးရှားအစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများ စီစဉ်ဆောင်ရွက်ခဲ့သည်။  ထိုသို့ အထောက်အထား နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် မလေးရှားအစိုးရထံ တရားဝင်မှတ်ပုံတင် 6P အစီအစဉ်တွင် လာရောက်စာရင်းသွင်းသည့် မြန်မာအလုပ်သမားများကို ဦးစွာ နိုင်ငံသားစိစစ်မှုများ ဆောင်ရွက်လျက်ရှိသည်။

မြန်မာအစိုးရဘက်မှ မလေးရှားရောက် အထောက်အထားမဲ့ဖြစ်နေသည့် မြန်မာအလုပ်သမားများအား နိုင်ငံကူးလက်မှတ်ပေးမှုတွင် နိုင်ငံသားမှန်ကန်ကြောင်း စစ်ဆေးမှုကို ဦးစွာလုပ်ဆောင်လျက်သာရှိသည်။ အဆိုပါလုပ်ငန်းစဉ်ကို ဒီဇင်ဘာ ၂၇ ရက်က စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကာ ဇန်န၀ါရီ ၃ ရက်အထိ မြန်မာ အလုပ်သမား ၆၆၉ ဦး သာ စာရင်းလာရောက်သွင်းထားကြောင်း သတင်းရရှိသည်။

မလေးရှားအစိုးရက တရားဝင်အလုပ်လုပ်ကိုင်ခွင့် ထုတ်ပေးသည့် 6P အစီအစဉ်တွင် စာရင်းလက်ခံရရှိထားသော မြန်မာအလုပ်သမား သုံးသောင်းကျော်ရှိပြီး စာရင်းတွင် မပါဝင်သေးသော လုပ်သားများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးနိုင်ရန်အတွက် နှစ်ဖက်အစိုးရ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 
 
 
7 Day Daily

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung