ဟာ့ဒ်ဇက် အား ကမ္ဘာ့ အကောင်းဆုံးများ နှင့် ခိုင်းနှိုင်းခဲ့သည့် မော်ရင်ဟို
Written By Two Seven September on Wednesday, January 29, 2014 | 5:40 AM
ချဲလ်ဆီး အသင်းနည်းပြ မော်ရင်ဟိုက မိမိအသင်းမှ တောင်ပံကစားသမား အီဒင်ဟာ့ဒ်ဇက် သည် ကမ္ဘာ့အကောင်းဆုံး ကစားသမားများဖြစ်သော ရော်နယ်လ်ဒို၊ မက်ဆီ တို့ကဲ့သို့ အရည်အချင်း ရှိသည်ဟု ယုံကြည်မိကြောင်း ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံ အသင်းအား လက်ရွေးစင် ကစားသမား ဟာ့ဒ်ဇက် သည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ချဲလ်ဆီးအသင်း အမှတ်ပေးဇယား ထိပ်ပိုင်းတွင် ရပ်တည်နိုင်ရန်အတွက် အဓိကနေရာမှ ပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ် ပွဲ ၂၂ ပွဲတွင် ၉ ဂိုး သွင်းယူ ပေးထားနိုင်ခဲ့သည်။ မော်ရင်ဟိုက ဟာ့ဒ်ဇက် အနေဖြင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာရန် လိုအပ်သေးကြောင်း၊ မိမိအနေဖြင့် ဟာ့ဒ်ဇက် အား တောင်ပံတွင် ကစားခိုင်းသည့်အတွက် သူ၏ ဂိုးသွင်းယူမှုအား ကန့်သတ်ထားသလို ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ "ဟာ့ဒ်ဇက်ကို မက်ဆီ၊ ရော်နယ်လ်ဒို တို့လို ဖြစ်နိုင်လားလို့ မေးလာခဲ့ရင် ကျွန်တော့ အနေနဲ့ ဖြစ်နိုင်တယ်လို့ ပြောရမှာပါ။
ဘာလို့လဲဆိုတော့ သူ့ရဲ့ တိုးတက်မှုဟာ အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် သူဟာ ရော်နယ်လ်ဒို၊ မက်ဆီ တို့လို ကမ္ဘာ့အကောင်းဆုံးဖြစ်ဖို့ အချိန်လိုပါသေးတယ်။ ရော်နယ်လ်ဒို ဟာ ၂၈ နှစ် ရှိပြီး မက်ဆီက ၂၆ နှစ်ရှိနေကာ ဟာ့ဒ်ဇက် ကတော့ ခုမှ ၂၃ နှစ်ပဲ ရှိပါသေးတယ်။ ဒါကြောင့် ဟာ့ဒ်ဇက် အနေနဲ့ ပိုမိုတိုးတက်ဖို့ အချိန်လိုပါသေးတယ်။ ရော်နယ်လ်ဒို နဲ့ မက်ဆီ တို့ဟာ တိုက်စစ်မှာ သူတို့ရဲ့ အရည်အချင်းတွေနဲ့ ထိပ်တန်း ဂိုးသွင်းရှင်တွေပါ။ ဒါပေမယ့် ဟာ့ဒ်ဇက် ကတော့ တောင်ပံကစားသမား စစ်စစ်ပါ။ ဒါကြောင့် ဟာ့ဒ်ဇက်ဟာ လိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ ကျွန်တော်တို့အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး ဒါကို မန်ယူအသင်းကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ တွေ့နိုင်ပါတယ်"ဟု မော်ရင်ဟိုမှ ပြောကြားသွား ခဲ့သည်။
http://www.myanmargoal.com/index.php/premier/16395-2014-01-29-09-02-15
Labels:
အားကစား
0 comments:
Speak up your mind
Tell us what you're thinking... !