Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » ပြည်တွင်းရွှေကို တစ်ကျပ်သား နှစ်ကျပ်သားလို့ မရောင်းတော့ဘဲ ဂရမ်ဖြင့်သာ ရောင်းချတော့မည်

ပြည်တွင်းရွှေကို တစ်ကျပ်သား နှစ်ကျပ်သားလို့ မရောင်းတော့ဘဲ ဂရမ်ဖြင့်သာ ရောင်းချတော့မည်

Written By Two Seven September on Tuesday, January 7, 2014 | 12:30 AM




ပြည်တွင်း ရွှေဈေးကွက်အတွင်း နိုင်ငံတကာ စံချိန်မီ ရွှေအရည်အသွေးနှင့်အညီ အခေါက်ရွှေ ဂရမ်ပြား များကို ဖေဖော်ဝါရီလအတွင်း စတင်ဖြန့်ဖြူးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးကျော်ဝင်းက The Voice သို့ ပြောကြားသည်။

“ဒီကရွှေက ကျပ်၊ ပဲ၊ ရွေးနဲ့ ဖြစ်နေတော့ ၂၀၁၅ အမီ မြန်မာနိုင်ငံ ဈေးကွက်ထဲကို အာဆီယံနိုင်ငံ အချင်းချင်း ကုန်သွယ်မှုတွေ ဝင်လာရင် ဈေးနှိမ်တာတို့ ဘာတို့ဖြစ်မှာစိုးလို့ ဂရမ်နဲ့တွက်ပြီး ပြည်တွင်း ဈေးကွက်မှာ ထုတ်လုပ် ရောင်းချသွားမှာပါ” ဟု ၎င်းကဆိုသည်။

လက်ရှိ တွက်ချက်သည့်နည်းမှာ ပြည်တွင်းရွှေ တစ်ကျပ်သားလျှင် ၁၆ ဒသမ ၆ ဂရမ်၊ ၁၆ ဒသမ ၆၀၆ ဂရမ်၊ ၁၆ ဒသမ ၇၂၃ ဂရမ် စသည်ဖြင့် အမျိုးမျိုး တွက်ချက်လျက်ရှိပြီး ယခုထုတ်လုပ်သွားမည့် ဂရမ်ပြားများကို ၂ ဒသမ ၅ ဂရမ် (သုံးပဲဝန်းကျင်) မှ ၂၀ ဂရမ် (တစ်ကျပ်သား) သတ်မှတ်ပြီး ဈေးကွက် ဖြန့်ချိသွားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

အဆိုပါ ရွှေဂရမ်ပြားများကို မြန်မာ့ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီက ထုတ်လုပ်မည် ဖြစ်ပြီး ဈေးကွက်အတွင်း တရားဝင် ကိုယ်စားလှယ်များကတစ်ဆင့် ဖြန့်ဖြူးရောင်းချမည် ဖြစ်ကြောင်း ယင်း အသင်းထံမှ သိရသည်။

ရွှေဂရမ်ပြားဖြင့် ဈေးကွက်အတွင်း ရောင်းချမည် ဆိုပါက ဝယ်ယူ စုဆောင်းမည့် သူများအတွက် ကောင်းသော်လည်း ဈေးကွက်အတွင်း ထိုးဖောက် ဝင်ရောက်ရန်မူ လက်ရှိ ဈေးကွက်အတွင်း အကယ်ဒမီ အခေါက်ရွှေကိုသာ အရောင်းအဝယ် လုပ်သည့်အတွက် အကယ်ဒမီ အခေါက်ရွှေ ဈေးကွက်အတွင်း ဝင်ရောက် ထိုးဖောက်ရန် ခက်ခဲမည် ဖြစ်ကြောင်း တိတ်စိန် ရွှေဆိုင်လုပ်ငန်းရှင် ဦးဇော်အောင်က ပြောဆိုသည်။
 
The Voice Weekly Myanmar
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung