Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » အပြောင်းအရွှေ့ နောက်ဆုံးအချိန်တွင် ကစားသမားသစ် ခေါ်ယူနိုင်မည်ဟု အာဆင်ဝင်းဂါး ယုံကြည်

အပြောင်းအရွှေ့ နောက်ဆုံးအချိန်တွင် ကစားသမားသစ် ခေါ်ယူနိုင်မည်ဟု အာဆင်ဝင်းဂါး ယုံကြည်

Written By Two Seven September on Wednesday, January 29, 2014 | 5:41 AM



အာဆင်နယ် အသင်းနည်းပြ အာဆင်ဝင်းဂါး က ယခု ဇန်န၀ါရီအပြောင်းအရွှေ့ကာလ နောက်ဆုံးအချိန် မတိုင်မီ ကစားသမားသစ် ရောက်ရှိမည်ဟု အရိပ်အမြွက်ပြော ကြားခဲ့သည်။
  အာဆင်ဝင်းဂါး သည် ယခု၏ ဇန်န၀ါရီ အပြောင်းအရွှေ့ကာလ မတိုင်မီ ကစားသမားသစ် ခေါ်ယူမည်ဟု ပြောကြားခဲ့ပြီး တိုက်စစ်ပိုင်းအား အဓိကထား ခေါ်ယူသွားမည်ဟု ပြောကြားခဲ့သော်လည်း လက်ရှိအချိန်အထိ ချိတ်ဆက်မှုများသာ ရှိပြီး အပြီးသတ် ခေါ်ယူမှုများ မပြုလုပ်နိုင်သေးပေ။ လက်ရှိတွင် အာဆင်နယ်အသင်းသည် ရှော်လ်ကေး တိုက်စစ်မှူး ဒရက်ဆလာ အား ခေါ်ယူနိုင်ရန် နီးစပ်နေသလို ဖရန့်ဖွတ် အသင်း ညာနောက်ခံကစားသမား ဆီဘက်စတီရန်ဂျောင် အား ချိတ်ဆက်လျှက် ရှိသည်။
  အာဆင်ဝင်းဂါးအား သတင်းထောက်များက ဇန်န၀ါရီ အပြောင်းအရွှေ့ မပိတ်မီ ကစားသမားသစ် ခေါ်ယူနိုင်ရန် ရှိ မရှိ မေးမြန်းခဲ့ရာ "တစ်ခုခု ကြေညာနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။ ထို့အပြင် အာဆင်နယ်အသင်း အနေဖြင့် အင်္ဂါနေ့ ညက ဆောက်သမ်တန် အသင်းနှင့် တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့ကာ ချဲလ်ဆီး၊ မန်စီးတီး အသင်းတို့၏ ကျော်တတ်မှုကို ခံရဖွယ် ရှိနေပြီး အမှတ်ပေးဇယား တတိယနေရာ သို့ ရောက်ရှိဖွယ် ရှိနေသည်။ သို့သော် အာဆင်ဝင်းဂါး ကမူ အဆိုပါ ပွဲတွင် တစ်မှတ် သာ ရရှိခဲ့ခြင်းအား ကျေနပ်လျှက် ရှိပြီး မိမိတို့အနေဖြင့် ခက်ခဲသော ပြိုင်ဘက်နှင့် ရင်ဆိုင်ခဲ့ရကာ ရှုံးနိမ့်လုနီးပါး ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ပွဲတွင် အာဆင်နယ်အသင်း အနေဖြင့် ပြိုင်ဘက် အသင်းများအား ခြိမ်းခြောက် နိုင်မည့် တိုက်စစ်မှူး လိုအပ်နေကြောင်း ပေါ်လွင်ခဲ့သော်လည်း အာဆင်ဝင်းဂါး ကမူ အသင်း၏ တိုက်စစ်ပိုင်းအား ကျေနပ်မိကြောင်း ပြောကြားခဲ့သည်။
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung