Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » မလေးရှားရောက် မြန်မာများအတွက် အရေးပေါ် သတိပေးချက်

မလေးရှားရောက် မြန်မာများအတွက် အရေးပေါ် သတိပေးချက်

Written By Two Seven September on Tuesday, January 28, 2014 | 11:03 PM

မလေးရှားရောက် မြန်မာများအတွက် အရေးပေါ် သတိပေးချက်
(၂၉.၁.၂၀၁၄ ) နံနက် ၁၁း ၅၀ နာရီ .....

ကေအယ် မြို့ထဲလာမည့် သူများ သတိထားဖို့ အတွက်
တင်ပေးလိုက်တာပါ။ ကိုတာရာယာ ကုန်တိုက်
(မိုင်းဒင်း ၊ အရှေ့ဖက် ၊ အနောက်ဖက်)တွေမှာ
အော်ပရာဇီ မဟုတ်ဘူး ရဲတွေ ၅ ယောက် ရှိပါတယ်။
အရပ်ဝတ်နဲ့ သွားလာနေပါတယ် ဖမ်းတီး စစ်ဆေးနေတယ်။

အရင်က ရဲတွေဟာ ရဲကား ရဲယူနီဖောင်းနဲ့ ဖမ်းပေမယ့်
အခုနောက်ပိုင်း ဖမ်းဆီးခံရတဲ့ လူတွေကို စည်ပင်ကားနဲ့
တင်တာတွေ ရှိနေပါတယ်။ စည်ပင်ကားနဲ့ ဖမ်းတာတွေ
ရှိပါတယ်။

စည်ပင်ကားလည်း ရပ်ထားပါတယ်။ အဲဒီနေရာ တစ်ဝိုက်မှာ လမ်းသွားရင်း
ကွမ်းစားသူတွေ ကွမ်းတွံထွေးသူတွေ ဆေးလိပ်သောက်တာ
တရားမဝင် ဆေးလိပ်တွေ ဝယ်ယူသောက်သုံးသူတွေ ဆေးလိပ်တို
စွန့်တာတွေ အမှိုက်ပစ်သူတွေကို တွေ့ရင် ဒဏ်ငွေ ရိုက်ပါတယ်။
ပါမစ်ရှိရင် တော်သေးတယ်။ ပါမစ်မရှိရင် ပိုက်ဆံပိုတောင်းတတ်ပါတယ်။

လူတိုင်းကိုတော့ မဟုတ်ဘူး အနားကဖြတ်သွားတဲ့ သူတွေကို
စစ်ပြီး အထောက်အထား မခိုင်လုံရင် ကားပေါ်ခေါ်သွားတာတို့
လုပ်နေပါတယ်။

ကြောက်အောင် တင်တာ မဟုတ်ပါဘူး .... အသိပေးတာပါ။
ကိုယ့်ကိုယ်ကို ယုံရင် အထောက်အထား မှန်ရင် ပီးတာပဲ ...
ပြောတတ်ဆိုတတ်ရင် အဆင်ပြေပါတယ်။
မလေးမှာ ကိုယ်ဖြစ်ကိုယ်ခံပဲ .... ဆိုတာ မလေးရောက်
မြန်မာတွေ သိပြီးသားပါ ....

မလေးရောက် မြန်မာများ အားလုံး သွားလေရာ ဘေးရန်ကင်းဝေးပါစေ။

နေဇော်လင်း

Admin
Nay Zaw Lin1
Free Online Radio Media (Malaysia)
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung