Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » ပါရာဂိမ်း ပြေးခုန်ပစ်တွင် မြန်မာက ပထမဆုံး ရွှေဆွတ်ခူး

ပါရာဂိမ်း ပြေးခုန်ပစ်တွင် မြန်မာက ပထမဆုံး ရွှေဆွတ်ခူး

Written By Two Seven September on Monday, January 27, 2014 | 9:32 AM





ဇန်နဝါရီလ ၁၅ ရက် ။  ။ ပြေးခုန်ပစ် အားကစားနည်းထဲမှာ ပါဝင်တဲ့ ထိုင်လျက် သံလုံးပစ်ပြိုင်ပွဲမှာ ဦးထူးထူးအောင် (ဆေးအဆင့် ၅၆) က ရွှေတံဆိပ် ပထမဆုံးအကြိမ် ဆွတ်ခူး ရရှိသွားပါတယ်။  အမျိုးသမီး သံပြားပစ်ပြိုင်ပွဲမှာတော့ မြန်မာမှ မတင်တင်ခိုင်က ကြေးတံဆိပ် ရရှိပါတယ်။ ပြေးခုန်ပစ် အားကစားနည်းမှာ ရွှေတံဆိပ် ၁၂၁ ခု ချီးမြှင့်မှာ ဖြစ်ပါတယ်။

လက်ရှိ ကျင်းပနေတဲ့ ၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲမှာ ဆုတံဆိပ်ပေါင်း ၁၀၃၇ ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကို ဇန်နဝါရီ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရွာမှာ အားကစားနည်း ၁၂ မျိုးကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများမှ မသန်စွမ်း အားကစားသမား ၁၁၀၀ ကျော် ယှဉ်ပြိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားသမား ၂၁၃ ဦး ပါဝင်မှာ ဖြစ်ပါတယ်။

ပါရာဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံမှာ ၂၀၀၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး ၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရတနာပုံသတင်း
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung