Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » အထိုင်များသော အလုပ်ကြောင့် စောစော စီးစီး သေဆုံးစေနိုင်

အထိုင်များသော အလုပ်ကြောင့် စောစော စီးစီး သေဆုံးစေနိုင်

Written By Unknown on Tuesday, January 28, 2014 | 12:51 PM



တစ်ခါထိုင်ရင် သုံးလေးနာရီကျော် ကြာတဲ့သူတွေကို လေ့လာခဲ့ရာ စောစောစီးစီး သေဆုံးနိုင်ခြေ မြင့်မား နေတယ်လို့ လေ့လာမှု နှစ်ခုအရ သိရပါတယ်။ အမေရိကန် လေ့လာမှုအရ တစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့်ခန်း မလုပ်တဲ့ အမျိုးသမီးတွေက အချိန် မတိုင်မီ စောစော သေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော် ပိုမိုမြင့်မားကြောင်း၊ အမျိုး သားတွေ မှာတော့ အချိန် မတိုင်မီ စောစောသေဆုံး နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း လေ့လာ တွေ့ရှိရပါတယ်။

သြစတြေးလျ လေ့လာမှုအရ လူတွေက အထိုင်များ လေလေ၊ ဘ၀သက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်တာကိုတွေ့ရပါတယ်။

အထိုင်များသူတို့အတွက် ဖြေရှင်းနည်း

အထိုင်များတဲ့ အလုပ်လုပ်ရသူတွေ အနေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ်တပ်ရပ်ပေးဖို့ လိုပါတယ်။ ဖုန်းကို ရပ်ပြီးပြောတာ၊ လက်ကိုင်ဖုန်းကို လမ်းလျှောက်ပြီး ပြောတာမျိုးလုပ်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရာ မှာ အီးမေး၊ ချက်တင်တွေနဲ့ ပြောမယ့်အစား သူတို့ဆီကို သွားရောက်ပြီး ပြောပါ။ နာရီများစွာ ကြာကြာထိုင်ပြီး အလုပ်လုပ်မယ့် အစား မကြာခဏ ရေသောက်လိုက်၊ အိမ်သာသွားလိုက် (ဆီးသွားလိုက်) လုပ်ပေးပါ။
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung