Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » နေပြည်တော်၊ ဇန်နဝါရီ ၂၈

နေပြည်တော်၊ ဇန်နဝါရီ ၂၈

Written By Two Seven September on Tuesday, January 28, 2014 | 10:35 PM

အစိုးရ အမိန့်ကြော်ငြာစာများ အခြေခံဥပဒေကို မကျော်ရန် ဝန်ကြီးဌာနများ တာဝန်ရှိဟုဆို

နေပြည်တော်၊ ဇန်နဝါရီ ၂၈

အစိုးရ အဖွဲ့အစည်းများမှ ထုတ်ပြန်လျက်ရှိသော အမိန့်ကြော်ငြာစာ များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကျော်လွန်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် တာဝန်ရှိကြောင်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်းက ပြောကြားသည်။

ဇန်နဝါရီ ၂၈ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပေါက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက အစိုးရ အဖွဲ့အစည်းများ၏ ကြေညာစာနှင့် အမိန့်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မှု ရှိစေရန် စိစစ်ဆောင်ရွက်ခြင်းရှိ မရှိ မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေ အခြေခံဥပဒေကို မကျော်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ တိုက်ရိုက် တာဝန်ရှိပါတယ်။ မိခင်ဥပဒေကြီးကို ကျော်လွန်လို့ မရပါဘူး” ဟု ဦးမြသိန်းက ဆိုသည်။

အမိန့် ကြော်ငြာစာများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ခြင်း မရှိပါက အဆိုပါ ထုတ်ပြန်ချက်များကို ပြည်သူများ သိရှိစေရန် ချပြသင့်ကြောင်း၊ ရုံးအဖွဲ့အစည်းများ အတွင်း၌သာ ထုတ်ပြန်သော အမိန့်ကြော်ငြာစာများ တွေ့ရှိနေရသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက ပြောကြားသည်။

သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေများ၊ နည်းဥပဒေများနှင့် အမိန့်ကြော်ငြာစာများ ချမှတ်ရာတွင် ပွင့်လင်းမြင်သာမှု ရှိစေရန် ပြည်သူများကို ချပြရမည် ဖြစ်ကြောင်း ဦးမြသိန်းက မှတ်ချက်ပြုသည်။

အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများ၏ အမိန့်ကြော်ငြာစာများ၊ ကြေညာချက် များကို ယခင်က မြန်မာနိုင်ငံ ပြန်တမ်းတွင် ဖော်ပြပေးမှုများ ရှိသော်လည်း ထပ်မံထုတ်ပြန်သည့် ပြန်တမ်းများတွင် အမိန့်ကြော်ငြာချက် အချို့ကို ထည့်သွင်းခြင်း မရှိတော့ဘဲ အများပြည်သူသို့ တရားဝင် ထုတ်ပြန်ခြင်းလည်း မရှိပေ။
The Voice
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung