Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » , » အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း

အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း

Written By Two Seven September on Thursday, January 30, 2014 | 12:45 AM




အမျိုးသား တွေမှာ ရောဂါ ဝေဒနာ ခံစား ရတာနဲ့ ဆေးကုသမှု ခံယူရတာ တွေကြောင့် လိင်စိတ်လျော့ နည်းမှု ဖြစ်တတ် ပါတယ်။

အမျိုးသား တွေမှာ လိင်စိတ် ဆန္ဒလျော့ နည်းမှု ဖြစ်စေတဲ့ အကြောင်းရင်း တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

- ပန်းသေ ပန်းညှိုးရောဂါ

ပန်းသေတာ ဒါမှမဟုတ် ပန်းသေ ပန်းညှိုး ရောဂါဟာ လိင်စိတ် လျော့နည်း တာနဲ့ မတူပါဘူး။ လူငယ် ခုနစ်ရာခိုင်နှုန်း ကသာ ပန်းသေ ပန်းညှိုး ဖြစ်တတ် ကြပါတယ်။ ပန်းသေ ပန်းညှိုး ရောဂါက အသက်ကြီးလာ လေလေ၊ ဖြစ်နိုင်ခြေ ပိုများ လေလေပါ။ အသက် ၄၀ အရွယ်မှာ ပန်းသေ ပန်းညှိုးဖြစ်နိုင် ခြေ ၁၂ ရာခိုင်နှုန်း၊ အသက် ၅၀-၅၉ နှစ်အရွယ်မှာ ရောဂါ ဖြစ်နိုင်ခြေ ၁၈ ရာခိုင် နှုန်းနဲ့ အသက် ၆၀ ကျော် အရွယ်မှာ ရောဂါဖြစ် နိုင်ခြေ ၂၅-၃၀ ရာခိုင်နှုန်း အထိ သိသိသာသာ မြင့်တက်လာ ပါတယ်။ ပန်းသေ ပန်းညှိုးရောဂါနဲ့ စိတ်ဖိစီးမှုက အပြန်အလှန် ဆက်နွှယ် မှုရှိပြီး လိင်စိတ်လျော့ နည်းမှုကို ဖြစ်စေနိုင်ပါတယ်။ သတင်းကောင်း အနေနဲ့ ပန်းသေ ပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ဆေး ကုသမှု ခံယူနိုင် ပါတယ်။

- ပူပင်သောကများလွန်းခြင်း

အမျိုးသားတွေမှာ ပူပင်သောက များလွန်းတဲ့ အခြေအနေကြောင့် သုက်လွှတ် စောတာမျိုး ဖြစ်တတ် ပါတယ်။ အဲဒီလို ဖိအားများတဲ့အခါ လိင်စိတ်လျော့ နည်းမှု ဖြစ်ပေါ် တတ်ပါတယ်။

- စိတ်ဖိစီးမှုများခြင်း

လုပ်ငန်းခွင် စိတ်ဖိစီးမှု များပြီး စိန်ခေါ် လုပ်ကိုင်ရ တဲ့အခါ အောင်မြင်အောင် မလုပ်ဆောင် နိုင်ရင် အမျိုး သားတွေက ကိုယ့်ကိုယ်ကိုယ် လေးစား စိတ်လျော့နည်း လာပါတယ်။ ဒီအတွက် ကြောင့်လည်း အိမ်ထောင် ရေးမှာ မသာယာတဲ့ အဖြစ်မျိုး တွေ့ကြုံ နိုင်ပါတယ်။

- ကျန်းမာရေး အခြေအနေ

အမျိုးသား တွေမှာ နာတာရှည် ရောဂါ ဝေဒနာ တွေကြောင့် လိင်မှုဘဝကို ထိခိုက်စေနိုင် ပါတယ်။ ကင်ဆာနဲ့ စိတ်ကျ ရောဂါတို့လို ပြင်းထန်တဲ့ နာမကျန်း မှုတွေကြောင့် လိင်စိတ်ကို လျော့ကျ စေနိုင်ပါတယ်။ နှလုံးသွေး ကြောရောဂါ၊ သွေးတိုး ရောဂါနဲ့ ဆီးချိုရောဂါ တွေကြောင့် မျိုးပွား အင်္ဂါအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး ဆီကို သွေးရောက် ရှိမှု လျော့နည်းသွား ပြီး လိင်စိတ်လျော့နည်း စေပါတယ်။ အရက်စွဲ တာနဲ့ အရက်ကို အလွန်အမင်း သောက် သုံးတာ ကြောင့်လည်း လိင်ဆန္ဒကို လျော့ပါး စေပါတယ်။ သိုင်းရွိုက် ပြဿနာနဲ့ ပီကျူထရီဂလင်း အကျိတ် ရှိတာ ကြောင့်လည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။

- ဆေးကုသမှု

စိတ်ကျဝေဒနာ ကုသဆေး SSRI ဟာ လိင်စိတ်ကို ဟန့်တားနိုင်သလို သွေးတိုးကျဆေး ကလည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။ မူးယစ် ဆေးတွေ သုံးရင်လည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။

- အိမ်ထောင်ရေး အဆင်မပြေခြင်း

မပျော်ရွှင်တဲ့ အိမ်ထောင်ရေး အခြေအနေကြောင့် အမျိုးသား တွေမှာ လိင်စိတ်လျော့နည်းမှု ဖြစ်ရသလို အိပ်ခန်း ထဲကို ဒေါသနဲ့ စိတ်ပျက်လက်ပျက် ဖြစ်ကာ စိတ်ကုန်တဲ့ အတွေးတွေ ယူဆောင် သွားတာကြောင့် လိင်စိတ်လျော့နည်း ရတတ်ပါတယ်။

- မွေးကင်းစ ကလေးငယ် ပြုစု စောင့်ရှောက်ရခြင်း

တချို့ အမျိုးသားတွေ အတွက် ကလေးငယ်မွေး ဖွားပြီးနောက် လိင်ဆန္ဒအတွက် အဟန့်အတား ဖြစ်လာ ပါတယ်။ မွေးကင်းစ ကလေးငယ်ကို ပြုစုစောင့် ရှောက် ရတဲ့အတွက် ပင်ပန်းမှုကြောင့် လိင်စိတ် လျော့နည်း ရတတ် ပါတယ်။

ကေအမ်Myawady News 
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung