Headlines News :

Popular Template

Home » » အရိပ်စစ်

အရိပ်စစ်

Written By Theikdi Maung on Friday, April 11, 2014 | 7:35 AM

အမေဟာ သားသမီးတိုင်းရဲ့ ဖန်းဆင်းရှင်ကြီးဖြစ်တယ်။ အဖေသည်လည်း သူရဲကောင်းကြီးဖြစ်တယ်။ မိဘရင်ခွင်ဟာ လုံခြုံမှု
အရှိဆုံးနဲ့ အနွေးထွေးဆုံး ရင်ခွင်လည်း ဖြစ်ပါတယ်။ လောကကြီးကို တွန်းတိုက်ဖို့  လေ့ကျင့်ပေးတဲ့ လက်ဦးဆရာသမားများ
လည်းဖြစ်ပါတယ်။

အမေဟာ ရင်သွေးငယ်တို့ ရဲ့ဘ၀မှာ အမြဲတမ်း ခေတ်မှီနေတဲ့ အဆောက်အဦးကြီးဆိုလည်း မမှားပါဘူး။ အဖေဟာလည်း
အဆောက်အဦးကို တန်ဆာဆင်တဲ့ လှပတဲ့ ဥယျာဉ်ခြံကြီးတစ်ခုဖြစ်ပါတယ်။ သားသမီးတိုင်းအတွက် ထာဝရစားသုံးနိုင်တဲ့
မြေကွက်ကြီးပေါ့။

အတောင်မစုံခင် မိဘရင်ခွင်ထဲကနေ ပျံသန်းထွက်ခွာသွားဖို့ ဘယ်သောခါမှ မတွေးသင့်။ အတောင်မစုံတဲ့ငှက် အပျံသိပ်
ခက်ပါလိမ့်မယ်။ လောကဒဏ်တရားရဲ့ တွန်းတိုက်မှုတွေကို မစုံတဲ့အတောင်နဲ့ ကာကွယ်လို့  ဘယ်ရပါ့မလဲ။

ဟိုး..အမြင့်ကို ပျံတက်ချင်ရင် အောက်ခြေမှာကတည်းက အတောင်စုံအောင် အားမွေးရပါတယ်။ အချိန်မကျသေးဘဲ
အတက်စမ်းရင်တော့ အဆင်းမှာ အခြေလှနိုင်မည် မဟုတ်ပေ၊ မြေခဖို့ သာ များပါတယ်။

ခိုလှုံခွင့်ရတုန်းလေး ခိုလှုံလိုက်ပါ၊ လောကမှာ မိဘရင်ခွင်ဟာ နားရင် အားဖြစ်တဲ့ တစ်ခုတည်းသော နေရာလေးဖြစ်ပါတယ်။
ခိုလှုံပြီးသွားရင်လည်း ဒီနေရာလေးကို မမေ့ပါနဲ့ ။ အပင်ရဲ့ အရိပ်ကို ခိုလှုံပြီး ကိုင်းကိုတော့ မချိုးနဲ့ ပေါ့။

မိဘဆိုတာ အစားအသောက်ဆိုလည်း အံကျွေးတဲ့သူများဖြစ်ပါတယ်။ သားသမီးတွေကို သူတို့ အသွေးအသား လှီးဖြတ်
ကျွေးဖို့ လည်းဝန်မလေးပါဘူး။ မိဘတိုင်းဟာ သားသမီးတွေအပေါ်မှာ မိုးအုပ်ပေးတဲ့ စစ်မှန်တဲ့ အရိပ်စစ် တစ်ခုပါပဲ။

True Man
Credit To : ဘဝစာမျက်နှာ

Photo from google

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung