Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » , » နိုင်ငံတကာနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု

နိုင်ငံတကာနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု

Written By Theikdi Maung on Monday, February 3, 2014 | 9:32 PM



နိုင်ငံတကာနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၁၆ ဘီလျံကျော် ရရှိထားပြီး ကုန်စည်တင်သွင်းမှု အတွက် ဒေါ်လာသုံးဘီလျံနီးပါး ပိုမိုအသုံးပြုထားကြောင်း သိရ

၎.၂.၂၀၁၄၊ အင်္ဂါနေ့

မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဘီလျံကျော် ရရှိထားပြီး ကုန်စည်တင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ သုံးဘီလျံနီးပါး ပိုမိုအသုံးပြုထားရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကုန်သွယ်မှု စာရင်းများအရ သိရသည်။

အဆိုပါ ကုန်သွယ်မှုပမာဏမှာ ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက် မှ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ ကုန်သွယ်မှုဖြစ်ပြီး ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၆၉၂၇ သန်းကျော်) ရရှိထားပြီး သွင်းကုန်အတွက် အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၉၄၆၆ သန်းကျော်) အသုံးပြုထားကာ စုစုပေါင်း ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၆ ဘီလျံကျော်(အမေရိကန်ဒေါ်လာ ၁၆၃၉၄ သန်း) ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

ကုန်စည်တင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ပိုမိုအသုံးပြု ထားရသော်လည်း ယခင်နှစ် ကာလတူ ကုန်သွယ်မှုဖြင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလျံကျော်ဖိုး ကုန်သွယ်မှု ပိုမိုပြုလုပ်ထားကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ၏ တရားဝင်ကုန်သွယ်မှု တန်ဖိုးများ မြင့်တက်လာစေရန်အတွက် တရားမဝင် ကုန်သွယ်မှုများကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအပြင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုများကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် သိသာစွာမြင့် တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော်အထိ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ကျော်ရှိခဲ့သည်။ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင်မူ ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော်အထိ ပြုလုပ်နိုင်ခဲ့သော်လည်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၂၇ဝ နီးပါးအထိ ရှိလာခဲ့ခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှု စုစုပေါင်း၏ ၈ဝ ရာခိုင်နှုန်း ၈ဝ နီးပါးကို ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုလုပ်သည့် သီလ၀ါဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

Eleven Media Group
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung