Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » ဆီးရီးယားဓာထုလက်နက်များ မြန်မြန်ဖယ်ရှားရန် အမေရိကန်ပြော

ဆီးရီးယားဓာထုလက်နက်များ မြန်မြန်ဖယ်ရှားရန် အမေရိကန်ပြော

Written By Two Seven September on Sunday, February 2, 2014 | 2:30 AM


ဆီးရီးယားဓာထုလက်နက်များ မြန်မြန်ဖယ်ရှားရန် အမေရိကန်ပြော ====================================

 မြူးနစ် ဖေဖော်ဝါရီ ၁ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဂျွန်ကယ်ရီက ဓာတုလက်နက်များ ဖယ်ရှားမှု အရှိန်မြှင့်လုပ်ဆောင်ရေး ၄င်း၏ဆီးရီးယားမဟာမိတ်များအား ရုရှားကို ဖိအားပေးရန် တောင်းဆိုလိုက်သည်။

 ဆီးရီးယားအစိုးရအနေဖြင့် ယခုအထိ ၄င်း၏ဓာတုလက်နက် လေးရာခိုင် နှုန်းသာလျှင် ဖယ်ရှားနိုင်သေးကြောင်း ကြေညာထားသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။ မစ္စတာကယ်ရီက မြူးနစ်၌ကျင်းပ သော လုံခြုံရေးကွန်ဖရင့်အစည်းအဝေးပြင်ပ၌ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗော့နှင့်တွေ့ဆုံပြီး ပြောကြားလိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောကြားသည်။ ဆီးရီးယားဓာတုလက်နက်များကို ရွှေ့ပြောင်းပြီး ဇွန် ၃ဝ ရက်တွင် ဖျက်ဆီးရမည်ဟုဆိုသည်။

ကုလသမဂ္ဂကျောထောက်နောက်ခံပြုသည့် အဆိုပါ အစီအစဉ်အရ ဆီးရီးယားအာဏာပိုင်များအနေဖြင့် ဓာတုလက်နက်များ လုံခြုံဘေးကင်းစွာ သယ်ယူပို့ဆောင်ပေးပြီး မြေထဲပင်လယ်ဆိပ်ကမ်း လာတာ ကီးယားသို့ ပို့ပေးရန်တာဝန်ရှိသည်။ ပထမအဆင့်အနေဖြင့် တန်ချိန် ၁၆ တန်ကို ဆီးရီးယားနိုင်ငံ ဓာတုလက်နက်ထားရှိရာနေရာမှ ဇန်နဝါရီ ၇ ရက်တွင် လာတာကီးယားသို့ ပို့ဆောင်ပြီးဖြစ်သည်ဟုဆိုသည်။ ဇန်နဝါရီ ၂၇ ရက်တွင် ထပ်မံ၍ပို့ဆောင်ခဲ့ကြောင်းဖြင့်လည်း ဓာတု လက်နက်တားဆီးရေးအဖွဲ့(အိုပီစီဒဗလျူ)က ပြောကြားသည်။

 အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှားနိုင်ငံခြားရေးဝန်ကြီးအား ဆီးရီးယား ဓာတုလက်နက်များအမြန်ဆုံးဖယ်ရှားရန် ရုရှားအစိုးရက တွန်းအားပေးရေး တိုက်တွန်းလိုက်သည်။ ကျန်ရှိ ဓာတုလက်နက်များကို ဆီးရီးယားက လာတာ ကီးယားဆိပ်ကမ်းသို့ မြန်မြန်ထက်ထက် ပို့ဆောင်ပေးရန်လိုကြောင်း အမေ ရိကန်ကပြောသည်။ (ဘီဘီစီ)
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung