Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » Let's Go, Win The Day ပရိုဂရမ်ကို ပုဂံ

Let's Go, Win The Day ပရိုဂရမ်ကို ပုဂံ

Written By Two Seven September on Sunday, February 2, 2014 | 2:39 AM



Let's Go, Win The Day ပရိုဂရမ်ကို ပုဂံ ၊ ညောင်ဦး ၊ ပုပ္ပါးတွင် ရိုက်ကူးမည်

ဖေဖော်ဝါရီ ၂ ရက် ၂၀၁၄ ခုနှစ်

ရန်ကုန်၊ မဇ္ဈိမ။ ။ ဇန်နဝါရီ ၂၁ ရက်က စကာ မြဝတီ ရုပ်သံတွင် ထုတ်လွှင့် ပြသလျက် ရှိသည့် Let's Go, Win The Day 100 Plus ပရိုဂရမ် အတွက် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပုဂံ ၊ညောင်ဦး ၊ပုပ္ပါး ခရီးစဉ်ကို သွားရောက် ရိုက်ကူးမည်ဟု ADMA Media ကုမ္ပဏီက မန်နေဂျင်း ဒါရိုက်တာ ကိုဝေမင်းမောင်က မဇ္ဈိမကို ပြောသည်။

Let's Go, Win The Day 100 Plus အစီအစဉ်က မြန်မာနိုင်ငံ၏ နာမည်ကြီး မြို့များ လည်ပတ်နိုင်သည့် နေရာများကို အခြားနိုင်ငံတွေက သိစေရန် အဆိုတော် ၆ဦး ဖြစ်တဲ့ ဖြစ်သည့် ဘန်နီဖြိုး ၊ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ နန်းမြတ်ဖြိုးသင်း၊ Bobby Soxer ၊ နန်းသူဇာ တို့က ကိုယ်တိုင် သွားရောက်ပြီး ရိုက်ကူး တင်ဆက် ပေးသည့် အစီအစဉ်တစ်ခုလည်း ဖြစ်သည်။

ADMA Media ကုမ္ပဏီက မန်နေဂျင်း ဒါရိုက်တာ ကိုဝေမင်းမောင်က "ပရိသတ် ကြည့်ရှုမှု တုန့်ပြန်မှုကတော့ ကောင်းပါတယ်။ စိတ်ဝင်စားကြတယ် ။ သူတို့ သဘောကျတဲ့ အဆိုတော်တွေရဲ့ Life Style တွေ ကြည့်ရတယ်။ သူတို့ရဲ့ သီချင်းတွေ နားထောင် ရတယ်။ မြန်မာပြည်ရဲ့ အလှအပ တွေကိုလည်း သူတို့ မြင်တွေ့ရတယ် ။ အခု ဖေဖော်ဝါရီ ၂၇ ရက်နေ့ မှာ ပုဂံ ၊ ညောင်ဦး ၊ ပုပ္ပါး မှာ သွားရိုက်မယ်။ အဲဒီ ခရီးစဉ်ကိုတော့ မတ်လ လောက်မှာ ပြသမှာပါ " ဟု ပြောသည်။

Let's Go , Win The Day အစီအစဉ် ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်လည်း မတ်လတွင် စတင်ပြသရန် စီစဉ်ထားသည်ဟု ဆိုသည်။ ထိုအစီစဉ်ကို အပတ်စဉ် သောကြာ နေ့တိုင်း ညနေ ၆နာရီတွင် စတင်ပြသမည်ဖြစ်ပြီး မြဝတီ ရုပ်မြင်သံကြားတွင်မူ အင်္ဂါနေ့ ညနေ ၆နာရီခွဲတွင် ပြသမည်ဖြစ်သည်။

လက်ရှိ မြဝတီ ရုပ်မြင်သံကြားတွင် ငပလီ ခရီးစဉ် အပိုင်း ၂ အထိ ပြသမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက် ညနေ ၆နာရီခွဲတွင် Let's Go, Win The Day အပိုင်း ၃ကို ပြသမည်ဖြစ်သည်။

ပန်းမြတ်ဇော်
Mizzima - News in Burmese
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung