Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » မန်ယူတောင်ပံကစားသမား နာနီ အနားယူ

မန်ယူတောင်ပံကစားသမား နာနီ အနားယူ

Written By Two Seven September on Sunday, February 2, 2014 | 6:14 AM



 မန်ယူတောင်ပံကစားသမား နာနီ သည် တံကောက်ကြော ဒဏ်ရာမှ ပြန်လည်သက်သာလာခြင်း မရှိသည့်အတွက် နောက်ထပ်တစ်လခန့် ထပ်မံအနားယူရဦးမည် ဖြစ်သည်။

 အသက် ၂၇ နှစ် အရွယ် ကစားသမားသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်က နယူးကာဆယ်အသင်းအား အိမ်ကွင်းတွင် ၀-၁ ဖြင့် ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် မန်ယူအသင်းအတွက် နောက်ဆုံးပါဝင်ကစားခဲ့ပြီး ဒဏ်ရာကြောင့် အနားယူနေရသူ ဖြစ်သည်။ နာနီသည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းအတွက် ၁၁ ပွဲသာ ပါဝင်ကစားခဲ့ရပြီး ယခုရာသီတွင်လည်း နည်းပြသစ် မိုယက်စ် လက်ထက်တွင် ပြီးခဲ့သည့်ရာသီကထက် ၃ ပွဲသာ ပိုမိုကစားခွင့် ရရှိထားသည်။


  "နာနီဟာ တံကောက်ကြောဒဏ်ရာ ဆိုးဝါးစွာ ရရှိခဲ့ပါတယ်။ သူရဲ့ ဒဏ်ရာက တိုးတက်လာပေမယ့် နောက်တစ်လလောက် အနားယူရဖွယ် ရှိနေပါတယ်" ဟု မန်ယူအသင်းမှ ထုတ်ပြန်သွားခဲ့သည်။ နာနီသည် ၂၀၀၇ ခုနှစ်တွင် စပို့တင်းလစ္စဘွန်း အသင်းထံမှ မန်ယူအသင်းထံသို့ ပြောင်းရွှေ့လာခဲ့ကာ ပြီးခဲ့သည့် စက်တင်ဘာလတွင်မှ မန်ယူအသင်းတွင် ၂၀၁၈ အထိ ရှိနေမည့် စာချုပ်သစ်အား သက်တမ်းတိုး ချုပ်ဆိုထားသူလည်း ဖြစ်သည်။ 


http://www.myanmargoal.com/index.php/premier/16435-2014-02-01-09-07-08
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung