Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » လေကြောင်းကာကွယ်ရေးဇုန် မသတ်မှတ်ရန် တရုတ်ကိုအမေရိကန် သတိပေး

လေကြောင်းကာကွယ်ရေးဇုန် မသတ်မှတ်ရန် တရုတ်ကိုအမေရိကန် သတိပေး

Written By Two Seven September on Sunday, February 2, 2014 | 6:30 AM


 
 
တောင်တရုတ်ပင်လယ်၌ လေကြောင်း ကာကွယ်ရေးဇုန် မသတ်မှတ်ရန် တရုတ်ကို အမေရိကန် သတိပေး

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁

ပိုင်နက် အငြင်းပွားမှုများ ဖြစ်ပွားနေသည့် တောင်တရုတ် ပင်လယ်၌ လေကြောင်းရန် ကာကွယ်ရေးဇုန် သတ်မှတ်ရေး မည်သည့် လုပ်ဆောင်မှုမျှ မလုပ်ဆောင်ရန် အမေရိကန် ပြည်ထောင်စုက တရုတ်နိုင်ငံကို သတိပေးလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ပါဆယ်ကျွန်းစုများကို အဓိက အခြေပြုပြီး တောင်တရုတ် ပင်လယ်၌ လေကြောင်းရန် ကာကွယ်ရေးဇုန်တစ်ခု တည်ထောင်ရန် တရုတ် လေတပ်အရာရှိများက အစီအစဉ် မူကြမ်းတစ်ခု ရေးဆွဲနေကြောင်း Asahi Shimbun သတင်းစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့သော လုပ်ဆောင်မှုမျိုးကို ရန်လိုသည့် တစ်ဖက်သတ် လုပ်ဆောင်မှုအဖြစ် သတ်မှတ်သွားမည် ဖြစ်ပြီး တင်းမာမှုများ တိုးပွားလာနိုင်ခြင်းကြောင့် အငြင်းပွား နယ်မြေများအရေး ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ သံတမန်ရေးရာအရ ပါဝင် လုပ်ဆောင်မှုအပေါ် ပြင်းထန်စွာ မေးခွန်း ထုတ်လာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ပြောရေးဆိုခွင့်ရှိသူ မာရီဟတ်က ပြောကြားသည်။

သို့သော်လည်း လေကြောင်း ကာကွယ်ရေးဇုန်နှင့် ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများမှာ လက်ရှိ အချိန်ထိ အတည်မပြုနိုင်သေးကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ်ကြီး တစ်ခုလုံး နီးပါးကို ပိုင်ဆိုင်ကြောင်း တောင်းဆိုထားပြီး တရုတ် ကမ်းရိုးတန်းဒေသနှင့် လွန်စွာဝေးကွာသည့် နယ်မြေများကိုပါ တောင်းဆိုထားသည်။

ပြီးခဲ့သည့် နှစ်အတွင်းကလည်း အရှေ့တရုတ်ပင်လယ် လေကြောင်းရန် ကာကွယ်ရေးဇုန် တည်ထောင်ကြောင်း ရုတ်တရက် ကြေညာလိုက်သဖြင့် ဂျပန်နိုင်ငံနှင့် တင်းမာမှုများ ဖြစ်ပွားခဲ့ရသည်။

ဂျပန်နှင့်တရုတ် ပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းစုများကိုပါ လေကြောင်းဇုန်အတွင်း ထည့်သွင်းထားသည် သာမက တောင်ကိုရီးယားနှင့် အငြင်းပွားနေသော နယ်မြေများကိုလည်း ဇုန်အတွင်း ထည့်သွင်း ဖော်ပြခဲ့သည်။
“လေကြောင်းဇုန်နဲ့ အခြားအုပ်ချုပ်ရေးဆိုင်ရာ စည်းကမ်းတွေကို အငြင်းပွား နယ်မြေအတွင်း မထုတ်ပြန်ဖို့ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံ အားလုံးကို တောင်းဆိုပါတယ်။ တရုတ်နိုင်ငံကိုလည်း အဲဒီလို မလုပ်ဖို့ တောင်းဆိုပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ပြောရေးဆိုခွင့်ရှိသူ မာရီဟတ်က ပြောကြားသည်။

သယံဇာတ ကြွယ်ဝပြီး မဟာဗျူဟာ ရေးရာအရ အရေးပါသည့် တောင်တရုတ် ပင်လယ်တွင်းရှိ ကျွန်းစုများ ပိုင်ဆိုင်ရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် ဒေသတွင်း နိုင်ငံများဖြစ်သော ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်ဝမ် စသည့်နိုင်ငံများကြား အငြင်းပွားမှုပေါ် ပေါက်နေသည်။
 
မြန်မာ့အလင်း
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung