Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး

Written By Theikdi Maung on Monday, February 3, 2014 | 9:36 PM



ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး
အစီရင်ခံစာပါ လူတစ်သိန်းကျော်မှ မပြင်ဆင်ရေးလက်မှတ်ထိုးထားခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နေပြည်တော်-ဖေဖော်ဝါရီ၃
ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး
အစီရင်ခံစာပါ လူ တစ်သိန်းကျော်က မပြင်ဆင်ရေးလက်မှတ်ထိုးထားတာနှင့် ပတ်သက်၍ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အားမေးမြန်းရာ
အစီရင်ခံစာပါ အချက်နှင့် ပတ်သက်ပြီး" အဲ့တာက ဘာမှအားပြိုင်မှု မဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဒါလူတိုင်းသိတာဘဲဟာ အန်တို့လူတွေက ဆန္ဒထုတ်ဖေါ်ပြောတယ်ဆိုတာ လူမြင်ကွင်းမှာ ရှင်းရှင်းလင်းလင်း လုပ်တာ ဘယ်သူမှ ဘာမှ မေးစရာမလိုဘူး ဟို တစ်သိန်းကျော်ကလည်း အန်တီတို့လည်း ဒီလက်မှတ်တွေမသိသေဘူး။အန်တီနားလည်သလောက်ကတော့ တစ်ယောက်ချင်း အသေးစိတ်ဘာမှလည်း မပါဘူးပေါ့နော် ။
ဘယ်သူဘယ်သူဆိုတာ လက်မှတ်တွေဘဲဆိုတော့ ဒါ အန်တီအနေနဲ့ သိပ်ပြီးတော့ အလေးထားစရာ မဟုတ်ဘူးလို့ထင်တယ်။
ဒါအန်တီ့ရဲ့အမြင်ပေါ့ ၊ လက်ရှိဇယား မှာကြည့်လို့ရှိရင်လည်း ပြင်တဲ့ဘက်ကများတယ်နော် အဖွဲ့အစည်းတွေ အဖွဲ့စည်းတွေဘာတွေက ဒီတစ်သိန်းကထားလိုက် ရေရေရာရာဟဟုတ်တဲ့ဟာ အဟုတ်ဘူး ပြင်ချင်တဲ့ဘက်များတယ်တိုတာ သိပ်ရှင်းတာဘဲ အဲ့တော့ပြည်သူလူထုရဲ့ဆန္ဒအတိုင်းလုပ်မှာလား၊ လွှတ်တော်က မလုပ်ဘူးလားဆိုတာ ဟို စမ်းစစ်ကြည့်ရမှာပေါ့ ။
လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်ကိုမဲပေးခဲ့တဲ့ ပြည်သူလူထုရဲ့ ဆန္ဒအရ လုပ်သလား မလုပ်သလားဆိုတာ တစ်ယောက်ခြင်း သတ္တိရှိရှိ ရင်ဆိုင်ပြီးတော့ဖေါ်ထုတ်ရဲရမယ် အဲ့တာသားတို့မီဒီယာတွေရဲ့တာဝန်ဘဲ ဘာဖြစ်လို့မပြောနိုင်ရမှာလည်း ဒါဘာမှ ဖုန်းစရာ ဖိစရာ မဟုတ်ဘူး အန်တီတို့ အဖွဲ့ဝင်တွေ အားလုံးပြောရဲတယ် ဘယ်ဘက်ရပ်တည်လည်းဆိုတာ အားလုံးလည်းထုတ်ပြန်ပြီးပြီလွှတ်တော်ထဲမှာ ပြင်ဖို့တစ်ခုထဲ အားလို့ရပါ့မလားမေးမြန်းရာ အန်တီကတော့လွှတ်တော်ထဲမှာ ပြင်တာကိုကြိုက်တယ် လွှတ်တော်ထဲမှာပြင်တဲ့နည်းတစ်ခုထဲ ရှိတယ် လို့တော့ မပြောလိုဘူး သို့သော်ညားလည်း အေးအေးဆေးဆေးနဲ့ ပြည်သူလူထု ဘာမှ ရုန်းရင်းစန်ခတ် မဖြစ်ရအောင် တရားဥပဒေစိုးမိုးရေးဘက်ကလည်းရှင်သန်အောင် နောက်ပြီးတော့ စကထဲက ဒီမိုကရေစီလမ်းလျေက်တယ်ဆိုထဲက မှန်ကန်တဲ့လမ်းကိုလျေက်နိုင်အောင်လို့ လွှတ်တော်တွင်းကလည်းပြင်မယ် လွှတ်တော်တွင်းကပြင်လို့ ရအောင်လို့လည်းကြိုးစားမှာဘဲ "`ဟုဖြေကြားသည်။
အန်တီ သမ္မတဖြစ်လာရင် တိုင်းတပါးသားတွေလွမ်းမိုးလာမယ်ဆိုပြီးတော့ ၅၉/စ လိုကိုမပြင်တာလို့ပြောတဲ့အပေါ်မှာ အန်တီရဲ့ ဖြေကြားချက်က အဲ့တာကတော့ NLD နိုင်မှာကြောက်လို့ပြောတာလို့ဘဲထင်တယ် အဲ့လိုထင်တာဘဲလေ ဒါအန်တီ အမြင်ပြောတာ ဦးရွှေမန်းမှ အန်တီ သမ္မတဖြစ်ရင် ကြိုဆိုပါတယ်လို့ပြောတာနဲ့ပတ်သက်ပြိး အမေကတော့ ကြိုဆိုပါတယ် ပြုပြင်ပြောင်းလဲရေးဘက်နေ ပြောတာနောက်ပြီးတော့ ပါတီအချင်းချင်းပေါ့နော် ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ အန်တီတို့ အစထဲက ဒီဟာပြောပြီးသားပါ ဒီမိုကရေစီ ယဉ်ကျေးမှုမှာ ဆိုတာဟာ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ လုပ်နိုင်ရမယ် ပြိုင်ဘက်မိုလို့ ရန်မဖြစ်ရဘူးဆိုတာအစထဲက အန်တီပြောနေတာပါ ။ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပါတ်သက်ပြီး မပြင်ချင်ဘူးဆိုတဲ့လူတွေ သတ္တိရှိရှိပြောပါ ဘာဖြစ်လို့မပြငချင်တာလည်း ဘယ်ဟာတွေကို မပြင်ခြင်တာလည်း အဲ့တာက ကာယကံရှင်တွေက ပြောရမှာ မီဒီယာမှာလည်းတာဝန်ရှိတယ် မပြောဘူးဆိုရင် မပြောရဲပါဘူးဆိုတာကိုထုတ်ဖေါ်လိုက် ဒီလူတွေဒီလူတွေကတော့ ပြောတာကိုမဖြေပါဘူးဆိုတာကိုထုတ်ဖေါ်လိုက် ဘာလို့မဖြေနိုင်ရမှာလည်း ကိုယ့်ယုံကြည်ချက်အရ ကိုယ်မှန်တယ်ထင်ရင် တိုင်းပြည်အတွက် မှန်တယ်ထင်လို့ရှိရင် ပွင့်ပွင့်လင်းလင်းပြောရဲရမယ်ဟုဒေါ်အောင်ဆန်းစုကြည်ကဖြေကြားခဲ့သည်။
National League for Democracy

Popular Myanmar News Journal
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung