တစ်စုံတစ်ယောက်က ကိုယ့်ကို ပုံစံတစ်မျိုးမျိုးနဲ့
ထိထိခိုက်ခိုက် နစ်နစ်နာနာ ပြောဆိုလာတာကို
တဆင့်စကားနဲ့ဖြစ်ဖြစ် တိုက်ရိုက်ပဲဖြစ်ဖြစ်
ကြားသိရတယ် ဆိုပါတော့။
သိလိုက်တဲ့အချိန်မှာ ရင်ထဲမှာ
တစ်ခုခုခံစား နေရတယ်ဆိုပါတော့။
တစ်ခုခုလည်း တုံပြန်ချင်စိတ် ဝင်လာတယ်ပေါ့။
ဒီတော့ ကိုယ်ဖတ်ဖူး နာဖူးတဲ့
တရားစာထဲက
“သူကကောင်းကောင်း မကောင်းကောင်း
ကိုယ်က ကောင်းအေင် နေရမယ်။
သူကတော်တော် မတော်တော်
ကိုယ်က တော်အောင် နေရမယ်။” လို့
တိုးတိုးလေးရွတ်ပြီး
ထပ်ကာထပ်ကာ ဆင်ခြင်နေလိုက်မယ်ဆိုရင်
တရားအသိလေးတွေ ရင်ထဲရောက်ပြီး
ဖြစ်ပေါ်နေတဲ့ တုံ့ပြန်ချင်စိတ်ကလေးဟာ
တဖြည်းဖြည်း လျော့လျော့သွားပါလိမ့်မယ်။
(ဆရာတော်အရှင်ရာဇိန္ဒ - ရဝေနွယ်အင်းမ)
(မြင့်မြတ်သူတို့ အလုပ် စာအုပ်၊ နှာ ၄၅ မှ)
စာအုပ်မြို့တော်
Home »
တရားတော်များ
» တစ်ခုခုခံစား နေရတယ်ဆိုပါတော့
တစ်ခုခုခံစား နေရတယ်ဆိုပါတော့
Written By Two Seven September on Sunday, February 2, 2014 | 2:51 AM
Labels:
တရားတော်များ
0 comments:
Speak up your mind
Tell us what you're thinking... !