နိုင်ငံခြားသားများက မြန်မာနိုင်ငံသားများအပေါ် ငွေကြေးလိမ်လည်မှုများ ဆက်တိုက်ဖြစ်ပွား
၎.၂.၂၀၁၄၊ အင်္ဂါနေ့
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြည်တွင်းနိုင်ငံသားများထံမ
အဆိုပါ ဖြစ်စဉ်များတွင် ဂါနာနိုင်ငံမှ နိုင်ငံခြားသား လိမ်လည်မှုဖြစ်စဉ်မှာ မြန်မာနိုင်ငံ၌ ဟိုတယ်လုပ်ငန်း ရင်းနှီးမြုပ်နှံရန် လည်းကောင်း၊ မလေးရှားနိုင်ငံသား လိမ်လည်မှုဖြစ်စဉ်မှာ မလေးရှားနိုင်ငံ လျှပ်စစ်ပစ္စည်းကုမ္ပဏီမှ အရာရှိယောင်ဆောင်၍ လည်းကောင်း၊ ဗဟန်းမြို့နယ်မှ နိုင်ငံခြားသားတစ်ဦး လိမ်လည်သွားမှုဖြစ်စဉ်မှာ ကားများအားတစ်ဝက်ချေစနစ်ဖြင
ဂါနာနိုင်ငံသားသုံးဦးမှ ငွေကြေးလိမ်လည်သွားသည့် ဖြစ်စဉ်မှာ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလတွင် ဒဂုံမြောက်မြို့နယ်နေ ဦး... (၄၉) နှစ်၏ အီးမေးလ်သို့ ဂါနာနိုင်ငံသား Mr. Eduward Makasi ဆိုသူမှ ဟိုတယ်လုပ်ငန်း အကျိုးတူ ဆောင်ရွက်လိုကြောင်း ဆက်သွယ်လာခဲ့ပြီး ၎င်း၏ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် Mr.Morris Parkor နှင့် Mr. Afan Jonah တို့နှင့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၉ ရက် ညနေပိုင်းတွင် ဆီဒိုးနားဟိုတယ်တွင် တွေ့ဆုံခဲ့ပြီး ဟိုတယ်လုပ်ငန်း ရင်းနှီးမြုပ်နှံရန် အတွက် အမေရိကန် ဒေါ်လာများကို အမေရိကန်သံရုံး၏ သံတမန်သေတ္တာများဖြင့် ဂါနာနိုင်ငံမှတစ်ဆင့် ပေးပို့ထားပြီး ဖြစ်ကြောင်းနှင့် ရက်အနည်းငယ်အတွင်း ရောက်ရှိမည်ဖြစ်ကာ အမေရိကန်ဒေါ်လာများ ထုတ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၄၆ဝဝ ကျသင့်မည် ဖြစ်ကြောင်း ပြောဆိုသဖြင့် အဆိုပါ ဒေါ်လာများအား ဇန်နဝါရီ ၁၁ ရက်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထပ်မံ၍ လုံခြုံရေးစနစ်အရ ထည့်သွင်းထားသော ဒေါ်လာများအား အများပြည်သူ သုံးစွဲနေသည့် အနေအထား ရောက်ရှိရန်အတွက် ဓာတုဆေးရည်ဖြင့် ဆေးကြောရမည်ဖြစ်ပြီး ၎င်းဆေးရည်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅ဝဝဝဝ နှင့် ကိုက်ညီသည့် မြန်မာငွေ ၄၉၂၅ဝဝဝဝ ကျပ်အား ခေတ္တစိုက်ထားပေးရန် ပြောဆိုသဖြင့် ဇန်နဝါရီ ၂ဝ ရက်တွင် ယင်းငွေပမာဏအား ထပ်မံစိုက်ထုတ် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ပေးခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်တွင် ဓာတုဆေးရည်ဖြင့် ဆေးကြောခြင်း လုပ်ငန်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပြီး ယင်းချိန်းဆိုထားသည့်နေ့တွင
“အဲဒီဖြစ်စဉ်က ကျူးလွန်သူသုံးဦးရဲ့ မြန်မာနိုင်ငံကို အဝင်အထွက်တွေကို လေဆိပ်မှာ စစ်ဆေးနေပါတယ်။ သူတို့ကို ဖမ်းဆီးရမိဖို့အတွက် အင်တာပိုရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက် သွားမှာပါ”ဟု ရန်ကင်းရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။
ထို့အတူ ဗဟန်းမြို့နယ်၌လည်း နိုဝင်ဘာ ၁၃ ရက်တွင် Super Triumph Co.Ltd ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဒေါ်.... (၄၂) နှစ်သည် မလေးရှားနိုင်ငံမှ လျှပ်စစ်ပစ္စည်း ရောင်းချသည့် Syrikat Jutamotor Assessori Sdn.Bhd ကုမ္ပဏီမှ Ms. Mun ထံသို့ လျှပ်စစ်ပစ္စည်းဈေးနှုန်းများ
ယင်းနောက် ဗဟန်းမြို့နယ်၌ပင် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်နေသူ ANG GERIK MASYHUR SDIN BHD ကုမ္ပဏီမှ ဒါရိုက်တာ Mr.Anil R Vays သည် ကားတစ်စီးလျှင် အမေရိကန်ဒေါ်လာ ၄ဝဝဝ နှုန်းဖြင့် ကားလေးစီးအား တစ်ဝက်ချေစနစ် ဒေါ်လာ ၈ဝဝဝ နှင့် ပါမစ်ပြုလုပ်ရန် ကျပ်ရှစ်သိန်းအား FARMER PHOYARZAR GENERAL SERVICES Co,Ltd မှ မန်နေဂျာ.....(၄၈)နှစ်ထံမှ လိမ်လည်မှု ဖြစ်ပွားခဲ့သည်။ ဇန်နဝါရီ ၁၄ ရက်တွင် အမှုဖွင့် စုံစမ်းလျက်ရှိသည်။
Eleven Media Group
0 comments:
Speak up your mind
Tell us what you're thinking... !