Headlines News :
Powered by Blogger.

Blog Archive

Popular Template

Home » » (စကားလက်ဆောင်လေးပါ)

(စကားလက်ဆောင်လေးပါ)

Written By Two Seven September on Sunday, February 2, 2014 | 6:46 AM


 
(စကားလက်ဆောင်လေးပါ)

၁) ကျောခိုင်းကို ထွက်သွားတဲ့ လူတစ်ယောက် ကို လိုက်မခေါ်နဲ့… ရပ်နေလိုက်.. ကမ္ဘာကြီးက လုံးနေတာ.. ကို့ဆီပြန်ရောက်လာလိမ့်မယ်…

၂) ငိုနေတဲ့ ကလေးကို မုန်ကျွေးလိုက် .. ကလေးသာမှန်ရင် တိတ်သွားလိမ့်မယ်..

၃) ရန်သူတစ်ထောင် မသိစေချင်တဲ့ စကားတစ်ခွန်းကို မိတ်တွေတစ်ယောက်ဆီကို ဘယ်တော့မှ မပြောနဲ့…..

၎) အမှန်တွေပြောတော့ နှစ်သက်တဲ့ အခါ စကားပြောကောင်းတယ်တဲ့.. မနှစ်သက်ပြန်တော့ ရိုင်းတယ် တဲ့…

၅) အဖြေက သုံည ရမယ်သိသိကြီးနဲ့ တွက်နေရတဲ့သင်္ချာ ပုစ္ဆာတွေ တော့ရှိတယ်.. လက်တွေ့မှာတော့ သွားမတွက်မိစေနဲ့..သချာင်္မဟုတ်ဘူး…ဒါ ဘ၀…

၆) လူတစ်ယောက်ကို ဥပေက္ခာပြုခြင်းဆိုတာ အကောင်းဆုံး အပြစ်ပေးခြင်းပဲ….

၇) မင်းမသိတဲ့ အကျိုးရှိမဲ့ စကားတစ်ခွန်းကို ပြောပြလိုက်ရင် အာစရိယဂိုဏ်း ၀င်သွားပြီ.. သူက မင်းရဲ့ ဆရာပဲ…

၈) ငါ့ကို ချစ်တဲ့သူဆိုလို့ ဒီကမ္ဘာမှာ တစ်ယောက်ပဲ ရှိတယ် … ငါကိုယ်တိုင်ပဲ..

၉) တစ်ယောက်စိတ်ကို တစ်ယာက်ထွင်းဖောက်သိမြင်နေတာ.. အဲဒါနားလည်မှု… တစ်ယောက်အကြိုက်ကို တစ်ယောက်လိုက်တာ.. အဲဒါ သိတက်မှု… အချစ်ဆိုတာ တစ်ယောက်ရင်ခုန်သံကို တစ်ယောက်ကြားနေတာ.. အဲဒါ ရူးသွပ်မှု…

၁၀) ချစ်တယ် ဆိုတဲ့ စကား ကို လွယ်လွယ် နဲ့ ပြောတဲ့ သူဟာ ဂုဏ်သိက္ခာ နဲ့ ကိုတကယ်ချစ်တဲ့ သူကို ရင်နာနာ နဲ့ လမ်းခွဲရလိမ့်မယ်..

၁၁) ချစ်သူတစ်ယောက်ရဲ့ စွန့်ပစ်ခြင်း ခံရတာလောက် အသက်ရှုကြပ်တာ မရှိဘူး…

၁၂) အချစ်နဲ့ မတွေ့ဖူးသေးတဲ့ ကောင်လေးတွေဟာ အချစ်နဲ့ ကြုံတွေ့လာရင် ကြောက်ရွံတုန်လှုပ်တက်ကြတယ် .. ကောင်မလေးတွေကတော့ ရဲဝင့်စွန့်စား တက်လာတယ်..

၁၃) အချစ်ဆိုတာ ရယူချင်းလည်း မဟုတ်ဘူး ..စွန့်လွတ်ခြင်းလည်း မဟုတ်ဘူး.. တစ်ဦးနဲ့ တစ်ဦး ခံစားသိမြင်တဲ့ နားလည်းမှု…

၁၄) နားလည်မှု မရှိတဲ့ ချစ်သူနှစ် ဦးဟာနောက်ဆုံးတော့ ခွဲခွာခြင်း လမ်းဆုံးကို ရောက်လာမှာပဲ …..

၁၅) ကိုချစ်သူကို ချစ်လျှက်နဲ့ နောက်ဆုတ်ပေးလိုက်ရတဲ့ လူတစ်ယောက်ရဲ့ ရင်ထဲမှာ မီးတောက်ထက်ပြင်းတဲ့ ပူလောင်မှုတွေ ရှိနေတက်တယ်…

၁၆) “တကယ်ချစ်လား အလိုလိုက်ရမယ်နော်” ဆိုတဲ့ တောင်းဆိုမှုမျိုးက ချစ်နေသူနှစ်ဦး ဆိုရင်တော့ ကောင်းတာပေါ့… တစ်ဖက်သတ်ချစ်နေရတဲ့ လူတစ်ယေက်ကို ဆိုရင်တော့ အတ္တဆန်သွားပြီ….

၁၇) အထင်လွဲပြီး စိတ်ကောက်နေတဲ့ ချစ်သူတစ်ယောက် ကို ရှင်းပြလို့ မရရင် အကောင်းဆုံးက သူရှေ့ကထွက်သွားလိုက် .. သူ့ရင်ထဲမှာ အချစ်တွေ ရှိသေးရင် အရောက်လာခေါ်လိမ့်မယ်…

၁၈) အချစ်အတွက် အကောင်းဆုံး ဖြေဆေးက အိပ်ရေးဝအောင်အိပ်… စာဖတ်….

၁၉) အချစ်စစ်ရဲ့ အကြီးမားဆုံး စမ်းသတ်မှုက တစ်ဦးကို တစ်ဦး မတွေ့ရပဲ အနေဝေးကွာခြင်း….

၂၀) အချစ် ပြင်းထန်တဲ့ စိတ်ခံစားမှုတစ်ခု… (တစ်ကယ်ချစ်တဲ့ သူတိုင်း တစ်ကယ် ပြင်းထန်စွာခံစားရမှာပါ)…
 
Today Myanmar
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2014. Myanmar Scanner - All Rights Reserved
Adiknya Design by Theikdi Maung